ပရိသတ်တွေရဲ့ အချစ်တော် အဆိုတော် ဝိုင်းစုခိုင်သိန်းကတော့ အမိုက်စား အကြွေစင်ပုံရိပ်လေးတွေနဲ့ ပရိသတ်တွေကို ဖမ်းစားလိုက်ပြန်ပါပြီ..။

အမြဲတမ်း အသစ်အသစ်တွေနဲ့ ပရိသတ်တွေကို ညို့ယူဖမ်းစားနိုင်လွန်းတဲ့ သူမကတော့ အခုတစ်ခါမှာလည်း ဆွဲဆောင်မှုရှိရှိ အမိုက်စားဖက်ရှင်ဒီဇိုင်းလေးတွေနဲ့ ဖမ်းစားလိုက်တာပါ..။

JEAN TOWN အမှတ်တံဆိပ်ဖိနပ်အတွက် ကြော်ငြာရိုက်ကူးပေးနေတာဖြစ်ပြီး ဖက်ရှင်ကျလွန်းတဲ့ သူမ ပုံရိပ်လေးတွေကတော့ တကယ့်ကို အကြွေစင်လေးပါပဲ ပရိသတ်ကြီးရေ..

လာမယ့် မတ်(၃)ရက်နေ့မှာ မန္တလေးမြို့မှာ အသစ်ဖွင့်လှစ်မယ့် JEAN TOWN ဆိုင်သစ်ဖွင့်ပွဲကိုလည်း အောင်လ၊ ညိမ်းသော်၊ ချမ်းမင်းရဲထွဋ် တို့နဲ့အတူ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်..။

အဆိုတော် ဝိုင်းစုခိုင်သိန်းကတော့ ဂီတအနုပညာလောကမှာ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိပိုင်ဆိုင်ထားပြီး သူမရဲ့ သီချင်းတော်တော်များများကလည်း ပရိသတ်တွေကို အကြိုက်တွေ့စေကာ အရမ်းကို ရေပန်းစား ပေါက်ခဲ့ပါတယ်..။

လတ်တလောမှာတော့ JEAN TOWN အတွက် ကြော်ငြာ ရိုက်ကူးပေးထားတဲ့ သူမရဲ့ ဆွဲဆောင်မှုရှိရှိနဲ့ အမိုက်စားပုံရိပ်လေးတွေကို ပရိသတ်ကြီးများအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Source - ဝိုင်းစု fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။