ပရိသတ်အချစ်တော် မိုးယုစံကတော့ အနုပညာလမ်းကြောင်းပေါ်မှာ အတိုင်းအတာတစ်ခုအထိ အောင်မြင်မှု တွေရရှိခဲ့ပြီး အိမ်ထောင်ရေးမှာလည်းကံကောင်းသူလေး တစ်ယောက်ပဲဖြစ်ပါတယ်။လက်ရှိချစ်စရာကောင်းတဲ့ သားလေးတစ်ယောက် ပိုင်ဆိုင်လာချိန်မှစပြီး မိုးယုစံတစ်ယောက်အရင်ကထက် ပိုပြီးပျော်ရွှင်နေတာ ကိုလည်း မြင်တွေ့ရပါတယ်။ချစ်ရတဲ့မိသားစုလေးရယ် ချစ်ရတဲ့သားလေးရယ် အစအစအရာရာပြည့်စုံသွားပြီဖြစ်တဲ့ သူမကတော့ ပရိသတ်တွေအားကျနေရတဲ့ အိမ်ထောင်ရှင်မလေး တစ်ယောက်ပဲဖြစ်ပါတယ်။

ဒီနေ့မှာလည်း ချစ်စရာကောင်းတဲ့သားလေးနဲ့အတူ မနက်စောစောကုသိုလ်ယူနေတဲ့ မြင်ကွင်းလေးကိုကြည်နူး ဖွယ်မြင်တွေ့ရပါတယ်။သူမကတော့ ကြာသပတေးနေ့မနက်တိုင်း သံဃာတော်တွေကို ဆွမ်းလောင်းကုသိုလ် ယူဖြစ်နေတာပဲဖြစ်ပါတယ်။ဒီနေ့မှာတော့ အရင်ရက်တွေကနဲ့မတူပဲ ချစ်ရတဲ့သားလေးနဲ့ ပထမဆုံးအကြိမ် နှစ်ယောက် အတူဆွမ်းလောင်းကုသိုလ်ယူခဲ့တာပဲ ဖြစ်ပါတယ်။

သူမရဲ့လူမှုကွန်ယက်မှာလည်း “ကြာသာပတေးနေ့တိုင်းဆွမ်းလောင်တာ ဒီနေ့ သားသားနဲ့မာမီ စောစောထ ဆွမ်းလောင်းကုသိုလ်ယူ”ဆိုတဲ့စာလေးနဲ့အတူ ကြည်နူးဖွယ်ပုံရိပ်လေးတွေကို မျှဝေပေးထားတာပဲ ဖြစ်ပါတယ်။ မိုးယုစံတို့သားမိနှစ်ယောက်ရဲ့ အေးချမ်းလှတဲ့ ကုသိုလ်ပြုနေပုံမြင်ကွင်းလေးတွေကိုလည်း ချစ်ပရိသတ်တွေ သဘောကျလို့မဆုံး ဖြစ်နေကြပါတယ်။အခုလည်း ချစ်ပရိသတ်တွေ သာဓုခေါ်ဆိုနိုင်ဖို့ မိုးယုစံတို့ရဲ့ သားမိနှစ် ယောက်ရဲ့ ကုသိုလ်ပြုပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။ 

သတင်းအရင်းအမြစ် - မိုးယုစံ  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။