ပရိသတ်အချစ်တော်မင်းသမီးချောသင်ဇာဝင့်ကျော်ကတော့ အနောက်တိုင်းသူတွေကဲသို့ ခန္ဓာကိုယ်ဘော်ဒီ အရမ်းကိုလှတာကြောင့် ပရိသတ်တွေအမြဲအားကျနေတဲ့သူတစ်ဦးပဲ ဖြစ်ပါတယ်။သူမရဲ့ အမိုက်စားဘော်ဒီ ကောက်ကြောင်းတွေကို အမြဲလိုလိုဂုဏ်ယူဝင့်ကြွား ဖော်ပြလေ့ရှိပါတယ်။ဒီလိုလူတိုင်းကြွေရလောက်တဲ့ ဘော်ဒီ မျိုးရရှိပိုင်ဆိုင်ဖို့အတွက်လည်း သူမကတော့အားကစားကို အမြဲပုံမှန်ပြုလုပ်လေ့ရှိတာပဲဖြစ်ပါတယ်။

ဒီနေ့မှာလည်း လူမှုကွန်ယက်မှာလူကြိုက်များ ရေပန်းစားနေတဲ့ သင်ဇာဝင့်ကျော်ရဲ့ Gym ဆော့နေတဲ့ ပုံရိပ် လေးတွေမျှဝေပေးချင်ပါတယ်။ကျန်းမာရေးကို အလေးထားတဲ့သူမအတွက်တော့ Gymဆော့တာဟာ နေစဉ် ပုံမှန်အလုပ်တစ်ခုလို ပြောလို့ရပါတယ်။အစားအသောက်နဲ့ အားကစားကို Balance ညီညီစားသောက်နေထိုင် နေတာကြောင့်ပဲ သူမကတော့ လူတိုင်းအားကျလောက်တဲ့ ခန္ဓာကိုယ်ကောက်ကြောင်းတွေကို ပိုင်ဆိုင်နေသူ ဖြစ်နေတာပဲဖြစ်ပါတယ်။

သူမရဲ့လူမှုကွန်ယက်မှာတော့ “JUST DON’T QUIT’ ‘JUST DO IT” ဆိုတဲ့စာလေးနဲ့အတူ မနက်ခင်းအားက စားပြုလုပ်နေတဲ့အမိုက်စားပုံရိပ်လေးတွေမျှေ၀ ထားတာပဲဖြစ်ပါတယ်။သူမရဲ့ခန္ဓာကိုယ်ဘော်ဒီကောက်ကြောင်း အဖုအထစ်တွေကို အနီးကပ်မြင်ရတဲ့ သူမရဲ့ Gym ရောက်ပုံရိပ်လေးတွေကတော့ လူမှုကွန်ယက်မှာမျှဝေပြီးနာ ရီပိုင်းအတွင်းမှာတင် ဝင်ကြည့်သူအများအပြားနဲ့ ပရိသတ်သဘောကျနေတဲ့ ပုံရိပ်လေးတွေဖြစ်နေပါတယ်။ ပရိသတ်တွေကို နှလုံးသားကို ဝုန်းဒိုင်းကြဲ မြန်ဆန်သွားလှုပ်ခတ်သွားစေမယ့် သူမရဲ့GYMဆော့နေတဲ့ ပုံရိပ် လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

သတင်းအရင်းအမြစ် - သင်ဇာဝင့်ကျော် 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။