မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်MFFဟာမြန်မာ့လက်ရွေးစင်အသင်းတွေရဲ့နည်းပြနေရာတွေမှာနိုင်ငံခြားနည်းပြတွေအစားမြန်မာလူမျိုး

နည်းပြတွေကိုသာပိုမိုအားထားလာတာကိုတွေ့ရပါတယ်။

မကြာသေးခင်ကပဲလစ်လပ်လျှက်ရှိနေတဲ့မြန်မာ့အမျိုးသမီး

လက်ရွေးစင်အသင်းနည်းပြချုပ်နေရာမှာဦးဝင်းသူမိုးနဲ့မြန်မာ့

လက်ရွေးစင်ယူ၂၁အသင်းရဲ့နည်းပြချုပ်နေရာမှာဦးကြည်လွင်တို့ကိုMFFကတရားဝင်ခန့်အပ်ခဲ့ပါတယ်။ရန်ကုန်ယူနိုက်တက်

အသင်းနည်းစနစ်ဒါရိုက်တာဟောင်းဦးဝင်းသူမိုးဟာAFC

Instructorတစ်ယောက်ဖြစ်ပြီးဦးကြည်လွင်ကတော့(၂၈)

ကြိမ်မြောက်စင်ကာပူဆီးဂိမ်းမှာမြန်မာအသင်းကိုငွေတံဆိပ်

ဆုရယူပေးနိုင်ခဲသူဖြစ်ပါတယ်။နှစ်ယောက်စလုံးအရည်အချင်း

ရှိတဲ့နည်းပြတွေဖြစ်ပေမယ့်စိန်ခေါ်မှုတွေကတော့ဒုနဲ့ဒေးပါ။

ဦးဝင်းသူမိုးနည်းပြအဖြစ်တာဝန်ယူမယ့်မြန်မာအမျိုးသမီး

အသင်းဟာအစကဂျပန်လူမျိုးတစ်ယောက်ကိုနည်းပြအဖြစ်

တာဝန်ပေးဖို့လျာထားခဲ့တာပါ။ဒါပေမယ့်ဂျပန်လူမျိုးနည်း

ပြခန့်အပ်ရေးဟာအကြောင်းအမျိုးမျိုးကြောင့်ပျက်ပြယ်သွား

ပြီးဦးဝင်းသူမိုးနည်းပြဖြစ်လာခဲ့တာပါ။မြန်မာအမျိုးသမီးအသင်းဟာဝင်ရောက်ယှဉ်ပြိုင်တဲ့ပြိုင်ပွဲတွေ

အားလုံးလိုလိုဆုတံဆိပ်တွေရရှိနေတဲ့အသင်းဖြစ်ပေမယ့်

ဒေသတွင်းမှာတော့ထိုင်းနဲ့ဗီယက်နမ်ကိုမကျော်နိုင်တာကြာ

ပါပြီ။မြန်မာအမျိုးသမီးအသင်းရဲ့အရင်နည်းပြမစ္စတာရော်ဂျာ

လက်ထက်မှာလည်းထိုင်း၊ဗီယက်နမ်တို့ကိုမကျော်နိုင်ခဲ့လို့

နည်းပြရာထူးကနေထွက်ခဲ့ရတာပါ။ဦးဝင်းသူမိုးအတွက်တော့

စိန်ခေါ်မှုတွေကစောင့်ကြိုနေပါပြီ။



ဦးကြည်လွင်ဟာမြန်မာယူ-၂၁အသင်းကိုကိုင်တွယ်ရမှာဖြစ်ပြီး

ဒီအသင်းဟာလာမယ့်အကြိမ်သုံးဆယ်မြောက်ဖိလစ်ပိုင်ဆီးဂိမ်းအတွက်ရည်ရွယ်ထားတာပါ။မစ္စတာဂတ်ကိုင်တွယ်ခဲ့တဲ့

မြန်မာဆီးဂိမ်းအသင်းဟာမြန်မာအသင်းရဲ့အတောက်ပဆုံး

မျိုးဆက်ဖြစ်တဲ့အောင်သူတို့လူသိုက်ပါဝင်ခဲ့ပေမယ့်လည်း

ကျရှုံးခဲ့ရတာအားလုံးအသိပါ။လက်ရှိဦးကြည်လွင်ရဲ့အသင်းဟာဖီးနစ်ကိုအခြေခံထားတဲ့

အသင်းဖြစ်ပြီးနာမည်ကြီးကစားသမားတွေမပါဝင်တဲ့အသင်း

ပါ။ဒါပေမယ့်သူဟာဦးကြည်လွင်ပါ။မထင်မှတ်တာတွေလုပ်ပြ

တတ်ပါတယ်။ဦးကြည်လွင်ရဲ့အသင်းဟာလက်ရှိမှာ

ဘရူနိုင်းဖိတ်ခေါ်ဖလားဝင်ပြိုင်ဖို့ပြင်ဆင်နေပြီးလက်ရှိချန်ပီ

ယံဘွဲ့ကိုကာကွယ်ရမှာပါ။သူဘာလုပ်ပြမလဲဆက်လက်

စောင့်ကြည့်ကြရအောင်ပါ။

Source -MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။