အိန္ဒိယနိုင်ငံတွင် စည်ကားသိုက်မြိုက်စွာကျင်းပမြဲ ဖြစ်တဲ့ ဟိန္ဒူရောင်စုံပွဲတော်ကြီးကတော့ လာမယ့်မတ်လ (၂)ရက်နေ့ မနက်ဖြန်တွင်ကျင်းပသွားမှာပဲ ဖြစ်ပါတယ်။အဆိုပါ ဟိန္ဒူရောင်စုံပွဲတော် တစ်ခုဖြစ်တဲ့ Holi ပွဲတော် ကျင်းပစဉ်အတွင်း အထူးရထားအစင်း ၅၀၀ ကိုပြေးဆွဲပြေးဆွဲပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ပွဲတော်ကို လာရောက်ကြမယ့် ခရီးသည်တွေအတွက် သွားရေးလာရေးအဆင်ပြေချောမွေ့အောင် အခုလိုစီစဉ်ပေးခြင်း ဖြစ်တယ်လို့ အကြီးတန်း ရထားလုပ်ငန်း အရာရှိတစ်ဦးက မီဒီယာများကိုပြောပြခဲ့တာပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့၂၀၁၇ ခုနှစ်ကလည်း Holi ပွဲတော်အတွင်း အထူးရထား အစင်း ၄၄၀ ပြေးဆွဲပေးခဲ့တယ်လို့သိရပါတယ်။ ဒီနှစ်မှာတော့ ခရီးသည် ၇၀၀,၀၀၀ ကျော်အတွက် အကျိုးရှိစေဖို့ အထူးရထား ၅၀၀ ပြေးဆွဲသွားမှာဖြစ်တယ်လို့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က အတိအလင်းကြေငြာချက်ထုတ်ပြန်လိုက်တာပဲ ဖြစ်ပါတယ်။ပြီးခဲ့တဲ့ နှစ်တွေက လည်း အိန္ဒိယနိုင်ငံ ပွဲတော်ကာလများအတွင်း အထူးရထားများ ပြေးဆွဲပေးခဲ့ပြီး ယခုနှစ်ကတော့ ပြေးဆွဲမယ့် ရထားအစီးရေ ရေအတွက်အများဆုံးပဲလို့ သိရပါတယ်။ 

Holi ပွဲတော်ဟာ ဟိန္ဒူ နွေဦးပွဲတော် တစ်ခုလို့လူသိများပြီး နတ်ဆိုးအား ကောင်းစွာ အောင်နိုင်ခြင်း၊ ဆောင်းအကုန် နွေဦးအကူးသို့ ရောက်ရှိခြင်း၊ ပွဲတော်ရက်အတွင်း အချင်းချင်း တွေ့ဆုံခြင်း၊ တစ်ယောက်နှင့်တစ်ယောက် အပြစ်ခွင့်လွှတ်ခြင်းဖြင့် ပျက်စီးနေတဲ့ ဆက်ဆံရေးတွေကို ပြန်လည်ပြုပြင်ခြင်း စတဲ့အဓိပ္ပါယ်ကို ဖော်ဆောင်ပေးတဲ့ ပွဲတော်တစ်ခုပဲ ဖြစ်ပါတယ်။

သတင်းအရင်းအမြစ် - Xinhua 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။