HMD သည် တစ်ချိန်က နာမည်ကျော်ကြားခဲ့သော Nokia ဖုန်းများကို ပြန်၍အသက်သွင်းလျက်ရှိပြီး ယခုအခါလည်း Nokia 8110 4G အား ပြန်၍မိတ်ဆက်ပေးခဲ့ပြီဖြစ်သည်။ ယခင်အတိုင်းကွေးထားသော ဒီဇိုင်းပါဝင်ပြီး Banana Yellow color option နှင့် Traditional Black တို့ပါဝင်ကြောင်း သိရသည်။ Slide down cover ပါဝင်သော ပထမဆုံးဖုန်းလည်း ဖြစ်ခဲ့သည်။ 

ဖုန်းကို ဖြေကြားရာတွင် slide အား အဖွင့်၊ အပိတ် လုပ်ရသည့်ခံစားချက်အား ပေးနိုင်မည်ဖြစ်သည်။ 330 အား အခြေခံခြင်းမဟုတ်တော့ဘဲ Kai OS ကိုသုံးထားပြီး (Firefox OS မှ ခွဲထွက်လာခြင်းဖြစ်ကာ) Android ကဲ့သို့ smart function များလည်း ပါဝင်လာသည်။ Google Search, Maps နှင့် Assistant ပင် ပါဝင်ခဲ့သည်။ Google account နှင့် contact, calendar များလည်း sync လုပ်နိုင်သည်။ Nokia 8110 4G သည် Facebook, Twitter စသည်တို့လည်း ပါဝင်သည်။

သို့သော် selfie ကင်မရာမပါဝင်ဘဲ ကျောဘက်တွင် 2 MP ကင်မရာသာ ပါဝင်ခဲ့သည်။ Snapdragon 205 chipset ကိုသုံးထားပြီး 2.4” cured display (QVGA resolution) ပါဝင်သည်။ 4G LTE ပါဝင်ပြီး VoLTE နှင့် Wifi hotspot တို့ပါဝင်သည်။ 1500 mAh ဘက်ထရီပါဝင်ပြီး ဖုန်းပြောလျှင် 9 နာရီကြာခံနိုင်ကာ music သီးသန့် 48 နာရီ သုံးနိုင်သည်။ £ 80 ဈေးသတ်မှတ်ထားပြီး မေလတွင် စတင်ရရှိနိုင်တော့မှာပဲဖြစ်ပါတယ်။ 

Source: Net Guide Journal 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။