လာမည့် (၂၀၁၉) ခုနှစ်ကစပြီး လကမ္ဘာပေါ်တွင် ပထမဆုံး 4G ဆဲလ်ဖုန်း ကွန်ရက်အား စတင်းအသုံးပြု နိုင်တော့မှာဖြစ်တယ်လို့ ကွန်ရက် တည်ထောင်သူ Vadafone ကပြောကြားလိုက်ပါတယ်။နိုင်ငံတကာ ဆက်သွယ်ရေး ကုမ္ပဏီတစ်ခုဖြစ်တဲ့ Vadafone ရဲ့ဂျာမနီနိုင်ငံရုံးခွဲ နှင့် နိုကီရာကုမ္ပဏီ တို့ ပူးပေါင်းကာအဆိုပါ လုပ်ငန်းအကို အကောင်အထည်ဖော် လုပ်ဆောင်သွားမှာဖြစ်ကြောင်း Vadafone ကုမ္ပဏီ လန်ဒန်ဋ္ဌာနချုပ်မှ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၂၇)ရက်နေ့က သတင်းထုတ်ပြန်လိုက်တာပဲဖြစ်ပါတယ်။အဆိုပါ ကွန်ရက်ကိုတော့ ဘာလင်ရှိ ပုဂ္ဂလိကအာကာသ ကုမ္ပဏီ တစ်ခုဖြစ်တဲ့ PTScientists မှ လပေါ်လွတ်တင်မယ့် ယာဉ်ငယ်နှစ်စင်း နှင့်လပေါ်သို့ဆင်းသက်မယ့် အာကာသယာဉ် တစ်စင်းပါရှိတဲ့ SpaceX Falcon 9 ဂြိုဟ်တုအား ထောက်ပံ့ရန် ဖြစ်တယ်လို့ သိရပါတယ်။

နိုကီရာကုမ္ပဏီကလည်း အလေးချိန်(၁)ကီလိုဂရမ်ဝန်းကျင်ရှိတဲ့ သကြားအိတ်ကဲ့သို့ အာကာသ အဆင့်မီ Ultra Compact Network တစ်ခုအား တီထွင်ခဲ့ပြီး ကမ္ဘာ့အပေါ့ပါးဆုံးကွန်ရက်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါကွန်ရက်ဟာ လကမ္ဘာပေါ်မှ တိုက်ရိုက်ဗီဒီယို ရိုက်ကူးမှုအား ကမ္ဘာကကြည့်ရှုနိုင်မှာဖြစ်တယ်လို့ သိရပါ တယ်။ထို့ပြင် လပေါ်သွားယာဉ်နှင့် လပေါ်သို့ ဆင်းသက်မည့် အာကာသယာဉ်အကြား ဆက်သွယ်ရေး လွယ်ကူစေရန်အတွက် လည်းအထောက်အကူပြုမှာပဲ ဖြစ်ပါတယ်။ 

အဲဒီပစ္စည်းလေးက အား (Power) တွေအများကြီး သိမ်းဆည်းထားနိုင်ပြီးတော့ အချက်အလက်တွေ ပို့တဲ့အခါမှာ စွမ်းအင်ချွေတာနိုင်မှာလည်း ဖြစ်ပါတယ်လို့ PTScientists တည်ထောင်သူနှင့် အမှုဆောင် အရာရှိချုပ် Robert Bohme က ပြောပါတယ်။အဆိုပါ ကွန်ရက်နဲ့ ပတ်သတ်ပြီးလည်း ပြည်သူများမှ စိတ်ဝင်စား စောင့်ကြည့်နေကြတယ်လို့ သိရပါတယ်။ 

သတင်းအရင်းအမြစ် - Xinhua 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။