မတ်လတစ်ရက်နေ့ မနေ့ကကျရောက်ခဲ့တဲ့ မွေးနေ့ရှင်လေးတွေကတော့ တကယ့်ကိုထူးထူးခြားလေးပါပဲ ပရိသတ်ကြီးရေ။ကမ္ဘာကျော်အဆိုတော်တစ်ဦးဖြစ်တဲ့ ဂျက်စတင်ဘီဘာနဲ့ မြန်မာနိုင်ငံရဲ့ နှုတ်ခမ်းနီမလေးတွေ ရဲ့အသဲစွဲတေးသံရှင် လွမ်းပိုင်တို့ရဲ့ မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။Happy Birthday ပါနော်၊မွေးနေ့ရက် မြတ်လေးကစပြီး ဒီထက်မကအောင်မြင်တဲ့ တေးသံရှင်တွေအဖြစ်ဆက်လက် ရပ်တည်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ 

ဂျက်စတင်ဘီဘာနဲ့ လွမ်းပိုင်ကတော့ မတူညီတဲ့ နိုင်ငံရပ်ခြားအသီးသီးမှာ အောင်မြင်နေကြတဲ့ နိုင်ငံကျော် ကမ္ဘာကျော်၊အဆိုတော်တွေပဲဖြစ်ပါတယ်။အဆိုတော် လွမ်းပိုင်ကိုလည်း ဂျက်စတင်ဘီဘာနဲ့ တူတယ်ဆိုပြီး မြန်မာနိုင်ငံရဲ့ JBလို့တောင် ပရိသတ်တွေက တင်စားခေါ်ဝေါ်နေကြတာပဲ ဖြစ်ပါတယ်။အခု မတ်လ(၁)ရက်နေ့ ရဲ့မွေးနေ့ရှင်လေးတွေ အဖြစ်နဲ့ မွေးနေ့ရက်မြတ်လေးက အစတိုက်တိုက်ဆိုင်ဆိုင် တူညီနေတာကြောင့် ပရိသတ်တွေပိုပြီး အံ့အားသင့်ခဲ့ရတာပဲဖြစ်ပါတယ်။ 

ရပ်တည်ကြတဲ့ ဂီတလမ်းကြောင်းချင်းလည်းတူ၊မွေးနေ့ရက်မြတ်လေးကလည်းတူတဲ့ ပရိသတ်အချစ်တော် နှစ်ယောက်ရဲ့ မွေးနေ့လေးကိုလည်း ချစ်ပရိသတ်တွေကဆုတောင်းစကားလေး ဆိုပေးကြပါအုန်းနော်။မတ်လ တစ်ရက်နေ့မွေးနေ့လေးကိုလည်း ချစ်ပရိသတ်တွေနဲ့ အသီးသီမွေးနေ့ပွဲလေးတွေ ကျင်းပခဲ့ကြတာပဲဖြစ်ပါတယ်။ 

သတင်းအရင်းအမြစ် - လွမ်းပိုင်၊JB 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။