နှစ်ဦးနှစ်ဖက်အပြန်အလှန်ပစ်ခတ်ပြီးတိုက်ပွဲတွေပြင်းထန်နေစဉ်ကာလအတွင်းမှာတော့ တာလီလန်တွေနဲ့ဆွေးနွေးဖို့အာဖဂန်သမ္မတ အာရှရပ်ဂါနီက ကမ်းလှမ်းခဲ့တယ်လို့သိရပါတယ်။ကမ်းလှမ်းချက်တွေထဲမှာတော့ တာဘီဘန်အကျဉ်းသားတွေကို ပြန်လည်လွှတ်ပေးပြီး အပစ်အခတ်ရပ်စဲရေးကြောညာပေးရန်နဲ့ တာလီဘန်တွေအနေနဲ့ အာဖဂန်လက်ရှိသမ္မတကို အသိအမှတ်ပြုပြီး ဥပဒေကိုလေးစားရန်တို့ပါဝင်တယ်လို့ိသိရပါတယ်။ 

ထို့အပြင်အာဖဂန်ဘက်ကတော့ နိုင်ငံရေးအရ တရားဝင် အသိအမှတ်ပြုမယ်ဆိုတဲ့ကမ်းလှမ်းမှုကိုပါ တာလီဘန်တွေကိုကမ်းလှမ်းထားခဲ့တာပဲဖြစ်ပါတယ်။တာလီဘန်တွေအနေနဲ့တော့ ဒီကိစ္စရပ်တွေနဲ့ပတ်သတ်ပြီး ဆုံးဖြတ်ချက်မချရသေးဘူးလို့လဲသိရပါတယ်။

လွန်ခဲ့တဲ့ သီတင်းပတ်လောက်တုန်းကတော့ တာလီဘန်တွေဟာ အမေရိကန်နဲ့တိုက်ရိုက်ဆွေးနွေးလိုတယ်လို့ဖွင့်ဟပြောဆိုခဲ့ပါသေးတယ်။ပြီးခဲ့တဲ့ကာလတွေတုန်းကဆိုရင်လည်း တာလီဘန်တွေဘက်က အမေရိကန်နဲ့သာတိုက်ရိုက်ဆွေးနွေးချင်တယ်လို့ပြောဆိုခဲ့ပြီး အရင်အချိန်တွေက ဆွေးနွေးပွဲတွေကျင်းပရန်အာဖဂန်ဘက်က ကမ်းလှမ်းခဲ့စဉ်မှာလည်း တာလီဘန်တွေဘက်က အပြစ်အခတ်တွေရပ်စဲမှုမရှိခဲ့ပါဘူးလို့လဲသိရပါတယ်။

source - BBC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။