လူတိုင်းဆီးဖြူသီးကို သိကြပါတယ်။ ဆီးဖြူသီးဟာ ကျန်းမာရေးအတွက် ကောင်းတဲ့အတွက်လည်း တိုင်းရင်ဆေးတွေမှာ ထည့်သွင်းအသုံးပြုခဲ့ကြပါတယ်။ဆီးဖြူသီးဟာ ကျန်းမာရေးအတွက် အသုံးဝင်သလို အလှပရေးရာအတွက်လည်း အသုံးဝင်နေပါတယ်။ ချိုဖန်တဲ့အရသာရှိတဲ့အတွက် တစ်ချို့ကလည်း ကြိုက် ကြသလို တစ်ချို့ကလည်း ကျန်းမာရေးကောင်းရန်အတွက် စားသုံးကြပါတယ်။မြန်မာပြည် အထက်ပိုင်း ဒေသတွေမှာ အများကြီးတွေ့ရှိရပါတယ်။

ဆီးဖြူသီးဟာ သဘာဝအလျောက်ပေါက်ရောက်တဲ့အသီးဖြစ်ပါတယ်။ ဆီးဖြူသီးဟာအသီး၊အရွက်၊တွေသာ မကအစေ့လည်း အသုံးဝင်ပါတယ်။သဘာဝကပေးထားတဲ့ ဆီးဖြူသီးကိုစားပေးရင် ကိုယ်တွင်းအပူကို ငြိမ်း စေပါတယ်။ချောင်းဆိုးပန်းနာ၊ လေနာသမားတွေအတွက် ဆီးဖြူသီးကို မှန်မှန်စားသင့်ပါတယ်။ နောက်တစ် ခုကတော့ ဆီးဖြူသီးစားရင် အသက်တောင်ပိုရှည်ပါသတဲ့။ သွေးဝမ်းသွားတဲ့ဝေဒနာတွေအတွက် ဆီးဖြူသီး ကိုအစိမ်းထောင်ပြီး အရည်ညှစ် သံပုရာရည်နှင့် ရောသောက်ပေးရင်ပျေက်ကင်းပါတယ်။ 

ယားနာ၊ ပွေးညှင်း၊ တင်းတိပ်၊ အတွက်ဆီးဖြူသီးအခြောက်ကို (သို့မဟုတ်) အစိုးကို သွေးပြီး သံပုရာရည် နည်းနည်းနှင့် ရောကာလိမ်းပေးပါက ပျေက်ကင်းစေပါတယ်။ သွေးဝမ်းကျရောဂါအတွက် ငါးရှဉ့်သားနှင့် ချက်စားပါက ပျေက်ကင်းစေပါတယ်။နှာခေါင်းသွေးလျှံခြင်းအတွက် ဆီးဖြူသီးကို ညက်အောင်ထောင်ထိပ် အုံပေးပါ ပျေက်ကင်းစေပါတယ်။ရေနွေးပူလောင်ခြင်းအတွက် ဆီးဖြူရွက်ကို ကျွတ်အောင်လှော်ပြီး အမှုန့်ကို ဖြူးပေးရင် သက်သာစေပါတယ်။ အားလုံးပဲကျန်းမာရွင်လန်းကြပါစေ။ 

Source : မြန်မာဆေးဝါး 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။