အူအတက်ရောင်ခြင်းဆိုတာ လူတိုင်းသိထားသင့်တဲ့အကြောင်းရာတစ်ခုဖြစ်ပါတယ် ။လူခန္ဓာကိုယ်ရဲ့ ညာဘက်ခြမ်း အောက်ပိုင်းနာမှာ တည်ရှိနေပြီး အူအတက်လေးဟာ လက်ချောင်းပုံစံလေးအဖြစ် ထိုးထွက် နေတတ်ပါတယ်။အူအတက်ရောင်တတ်တဲ့ သူတွေကတော့ အသက်အရွယ်မရွေးဖြစ်နိုင်သော်လည်း အသက်(၁၀) နှစ်မှ (၃၀) အတွင်း အဖြစ်များတတ်ပါတယ်။ အူအတက်ဟာ အူအတက်အတွင်းပိုင်း ပိတ် ခြင်းကြောင့် ရောင်ရခြင်းဖြစ်ပါတယ်။ 

အစာဟောင်းများ ကြောင့်ပိတ်တတ်ပါတယ်။ သံကောင်၊ကပ်ပါးကောင်များဝင်ခြင်းကြောင့်လည်း ပိတ်ရခြင်း ဖြစ်ပါတယ်။ အစာအိမ် အူလမ်းကြောင်း ရောဂါကြောင့်ပိတ်ရခြင်း၊ ဝမ်းဗိုက်ကို ထိခိုက်မိတဲ့ အခါ ဒဏ်ရာ အပြင်းထန်ရခြင်း တို့ကြောင့်လည်း အူအတက်ပိတ်တ်ပါတယ်။အူလမ်းကြောင်း ပိုးဝင်ခြင်းကြောင့်လည်း အူအတက်နံရံများအတွင်း အကျိတ်များကြီးလာက အူအတက်ပိတ်ရခြင်းလည်းဖြစ်နိုင်ပါတယ်။အူအတက် ရောင်ပြီးဆိုရင် အချိန်မှှီဆေးရုံးရောက်မှ ဖြစ်မှာပါ ဘက်တီးရီးယားတွေပေါက်ဖွားလာကာ အသက်ဆုံးနိုင် တဲ့အထိဖြစ်တတ်ပါတယ်။ 

အူအတက်ရောင်ပြီးဆိုရင် ဝမ်းဗိုက်ညာအေက်ခြမ်းက ရုတ်တရက်နာခြင်း၊ ချက်အနီးတစ်ဝိုက် နာကျင်ခြင်း၊ များဖြစ်လာတတ်ပါတယ်။ အူအတက်ရောင်လာတာနဲ့အမျှ လှုပ်ရှားလျင်ပိုနာကျင်ခြင်း၊ မှုးဝေအော့အန်ခြင်း၊ အစာစားလိုစိတ်မရှိခြင်း၊ တစ်ငွေ့ငွှေ့ဖျားခြင်း၊ တို့ကိုခံစားရတတ်ပါတယ်။အူအတက်ရောင်တဲ့သူတွေကို ပိုး သတ်ဆေးတွေ တိုက်လို့မရပါဘူး။ အဓိက အမျှင်ဓာတ်ကြွယ်ဝတဲ့အသီး ၊ဟင်းသီးဟင်းရွက် များများစားပေး နိုင်ပါတယ်။ အားလုံးကျန်းမာနိုင်ကြပါစေ။

Source: ကျန်းမာရေးဗဟုသုတများ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။