အမျိုးသမီးဒါရိုက်တာ ခရစ်စတီးနားခီရဲ့ ဒုတိယမြှောက်ဖန်တီးမှုဖြစ်တဲ့ ဥပ္ပာယ်တံမျဉ်ဇာတ်ကားလေးကတော့ မြန်မာ့ရုပ်ရှင်လောကထဲ တစ်မှုထူးတဲ့အသွင်တစ်မျိုးနဲ့ပရိတ်သတ်တွေရင်ကိုဖမ်းစားနိုင်ခဲ့တာ အခုဆိုရင် ရုံတင်ရက်(၇)ပတ်ကျော်လာခဲ့ပြီဖြစ်ပါတယ်။ ရုပ်ရှင်လောကမှာ တကယ်ကိုမထင်မှတ်လောက်တဲ့ အောင်မြင်မှုတစ်ခုပါဘဲ။

ဥပ္ပာယ်တံမျဉ်ဇာတ်ကားအဖွဲ့သားတွေဟာ ဇာတ်ကားရုံတင်နေစဉ်အတွင်း ကြည့်ရှုသူပရိတ်သတ်တွေကို ရင်းနှီးစွာလာရောက်တွေ့ဆုံမှုတွေ ပြုလုပ်ပေးပြီး ပရိတ်သတ်တွေအာရုံကို ထပ်မံဖမ်းစားခဲ့ပါသေးတယ်။ ဇာတ်ကားအတွက် Promotion တွေ ပြီးစီးသွားတဲ့နောက်မှာ စွန့်ပစ်ကလေးတွေအတွက် လှူဒါန်းမှုတွေလည်းပြုလုပ်ပေးခဲ့ဲကြပါတယ်။ ယခု(၇)ပတ်မြှောက်ရုံတင်ရရှိလာမယ့် ဝင်ငွေများထဲမှ ၅၀% ကို ဥပါယ်တံမျဉ် ရုပ်ရှင် အား ကောင်းမွန် အောင်မြင်အောင် ဝိုင်းဝန်း ကြိုးစားပေးခဲ့ကြသော Crew Member များအားလုံးကို အသိအမှတ်ပြု ဂုဏ်ယူသောအားဖြင့် Crew Member အဖြစ်ပါဝင် သူများအားလုံးကို အညီအမျှခွဲဝေ ဂုဏ်ပြုပေးမှာဖြစ်တယ်လို့လည်း သိရပါတယ်။

ဥပါယ်တံမျဉ်ရုပ်ရှင်ကားဟာ ကြည့်ပြီးသူတိုင်း တသသနဲ့ ပြောကျန်ရစ်တဲ့ ဇာတ်ကားလေးအဖြစ် နာမည်တွင်ခဲ့ပါတယ် ။ မကြာမှီမှာ ထပ်မံပြသတော့မယ့် ဒါရိုက်တာခရစ်စတီးရဲ့ ပထမဆုံးရိုက်ကူးထားတဲ့ မုဒ္ဒြာခေါ်သံ ဇာတ်ကားကိုလည်း အားပေးကြပါအုံး ပရိတ်သတ်ကြီးတို့ရယ်.....။

Photo - Deception

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။