ပရိသတ်အချစ်တော်မင်းသာချောနေဒွေးကတော့ အားလပ်ရက်လေးမှာ သူငယ်ချင်းတွေနဲ့ပျော်ပျော်ပါးပါး ခရီးတွေသွားနေပါတယ်။မဆုံတာကြာပြီဖြစ်တဲ့ ငယ်သူငယ်ချင်းတွေရော အနုပညာညီအကိုတွေရော စုံစုံ လင်လင်နဲ့ တကယ်ကိုပျော်စရာကြီးပါပဲနော်။လူမှုကွန်ယက်မှာ ဟာသဗီဒီယိုလေးတွေတင်လေ့ရှိတဲ့ ဖေ့ဘွတ် ဆယ်လီရဲရင့်တို့ အောင်မိုးဦးတို့လည်း ပါဝင်ပြီးပျော်စရာကောင်းခရီးလေးကိုအတူ သွားရောက်နေကြတာပဲ ဖြစ်ပါတယ်။  

နေဒွေးကတော့ အားလပ်ရက် ရက်ရှည်လေးရတုန်း အလုပ်တွေမေ့ပြီး သူငယ်ချင်းတွေနဲ့ လွတ်လွတ်လပ်လပ် ခရီးထွက်နေတာပဲ ဖြစ်ပါတယ်။ဒီနေ့မှာတော့ မန္တလေးမှာရှိတဲ့ ငလိုက်ဆင်ဘေးမဲ့သဘာ၀ အပန်းဖြေစခန်းလေး ကိုရောက်ရှိလည်ပတ်နေကြပါတယ်။နေဒွေးရဲ့လူမှုကွန်ယက်မှာလည်း ပုံလေးတွေမျှဝေထားပြီး နေဒွေးတစ် ယောက် အပျော်ကြီးပျော်နေပုံပါပဲ ပရိသတ်ကြီးရေ။ 

ဆက်လက်ပြီးလည်း မြန်မာပြည်တစ်ခွင်ပြဲပြဲစင်အောင် ခရီးဆက်ကြအုန်းမှာပါတဲ့နော်။အလုပ်တွေစိတ်ညစ်စရာ တွေအားလုံးကိုမေ့ပြီး မတ်လ(၅)ရက်နေ့အထိ ဘော်ဒါတွေနဲ့ ခရီးတွေဆက်နေမှာပဲ ဖြစ်ပါတယ်။ပရိသတ်အချစ် တော်နေဒွေးတစ်ယောက် ဘယ်တွေလျောက်လည်ပြီး ဘယ်နေရာတွေခရီးဆက်နေတယ်ဆိုတာကိုလည်း နောက်နေ့တွေမှာ ဆက်လက်တင်ဆက်ပေးအုန်းမှာမလို့ ချစ်ပရိသတ်တွေစောင့်မျှော်အားပေး ကြပါအုန်းနော်။ ဒီနေ့လည်ပတ်ခဲ့တဲ့ အမှတ်တရပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်နော်။  

သတင်းအရင်းအမြစ် - နေဒွေး 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။