ကျီးကန်းဟာ Corvidae မျိုးနွယ် ဖြစ်ပြီး ဥရာပ၊ အမေရိက နဲ့ အာရှမှာ မျိုးကွဲတွေ ရှိကြပါတယ်။ အုပ်စုလိုက် (ဖွဲ့စည်း) နေထိုင်လေ့ရှိပြီး.. အရောင်အားဖြင့် အဖြူ၊ အညို၊ မီးခိုး နဲ့ အရောင်ကွဲလေးတွေ ရှိတတ်ပေမယ့် ကျနော်တို့ မြင်နေကျ ကျီးကန်းများကတော့ အမည်းရောင်ဘက်သန်းပါတယ်။ ဒါဟာလည်း မျိုးရိုးဗီဇ ပြောင်းလဲမှုကြောင့်လို့ ယူဆရပါတယ်။ ငယ်ငယ်တုန်းက ပုံပြင်ထဲကလို ဒေါင်းယောင်ဆောင်သောကျီး နေနဲ့နီးပြီး.. မည်းသွားတာတော့ မဟုတ်လောက်ပါ။ 

ဇီးကွက်ကတော့ တစ်ကောင်တည်းနေထိုင်လေ့ရှိပြီး အာရှ၊ အာဖရိက နဲ့ အန္တာတိကတို့မှာ မျိုးကွဲပေါင်း ၂၀၀ လောက် ရှိကြပါတယ်။ ဇီးကွက်ရဲ့ မျက်လုံးဟာ မှန်ဘီးလူးတစ်ခုလို စူးရှထက်မြတ်ပြီး.. နေ့ဘက်မှာလည်း မြင်နိုင်ပါတယ်။ နေ့ဘက်မှာ မလိုလားတဲ့ အလင်းရောင်ကို မျက်လုံးထဲမဝင်အောင် မျက်တောင်ကို ထက်ဝက်ခန့် ချထားတတ်ကြပါတယ်။ အဲ့ဒါကြောင့် ဇီးကွက်ကို နေ့ခင်းဘက်ကြည့်လျှင် အိပ်ငိုက်နေသယောင် ထင်ရတာပါ။

သေးငယ်တဲ့ ရှဉ့် ၊ ယုန်၊ ကြွက် အစရှိတဲ့ သတ္တဝါများဟာ ဇီးကွက်ရဲ့ အစာများဖြစ်ပါတယ်။ အဆိုပါ သတ္တဝါများဟာ ညဘက်မှာ အများဆုံးထွက်လေ့ရှိတဲ့အတွက် ဇီးကွက်များဟာ ညဘက်မှသာ အစာရှာထွက်လေ့ရှိကြပါတယ်။ ပုံပြင်ထဲကလို ကျီးကန်းတွေ ဆိတ်မှာကို ကြောက်လို့ မဟုတ်ပါ..။ဇီးကွက် ကို ကျီးတွေဘာ့ကြောင့် ထိုးဆိတ်ကြသလဲ ဆိုလျှင်.. ဇီးကွက်ဟာ ကျီးကန်းကို စားသောကြောင့် (တနည်း) အစာဖြစ်သောကြောင့်... အစားခံရမှာ စိုးရွံ့လို့သာ ကြောက်ရွံ့ပြီး လိုက်ဆိတ်ကြရခြင်းပဲ ဖြစ်ပါတော့တယ်..။

Source:သန့်ဦး (အာကာသနှင့် စကြဝဠာ သင်ထောက်ကူ)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။