ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ခန့်စည်သူ ဦးဆောင် ဖွင့်လှစ်လိုက်တဲ့ “အလင်းပြကောင်းကင်” ပရဟိတ ဖက်ရှင်ဒီဇိုင်နာ အသက်မွေးသင်တန်းကျောင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ မတ်လ(၃)ရက်နေ့ မနက်(၁၀)နာရီက သင်္ကန်းကျွန်းမြို့နယ် (င/က)ရပ်ကွက်မှာရှိတဲ့ ဓမ္မဝိဟာရဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှာ ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ပါတယ်..။

ခန့်စည်သူတို့ မိတ်ဆွေသင်္ဂဟအဖွဲ့က အလင်းပြကောင်းကင် ပရဟိအသင်းကို အလှူငွေ(၁၅)သိန်းကို ပေးအပ် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်..။

“အလင်းပြကောင်းကင်” ပရဟိတဖက်ရှင်ဒီဇိုင်နာ အသက်မွေးသင်တန်းကျောင်း ဖဲကြိုးဖြတ်ဖွင့်လှစ်ပွဲကို အနုပညာရှင်အသိုင်းအဝိုင်းမှ မိတ်ဆွေသူငယ်ချင်းများနဲ့ အနုပညာရှင်များစွာလည်း တတ်ရောက်ဂုဏ်ပြုပေးခဲ့ကြတာ တွေ့ရပါတယ်..။

သရုပ်ဆောင် ခန့်စည်ကတော့ ပရဟိတနဲ့ လှူဒါန်းမှုတွေကို မကြာခဏ ပြုလုပ်လေ့ရှိပြီး အခုတစ်ခါမှာတော့ “အလင်းပြကောင်းကင်” ပရဟိတအသင်းကိုလည်း ကိုယ်တိုင်ဦးဆောင်ပြီး ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်..။

သရုပ်ဆောင် မင်းသား ခန့်စည်သူကတော့ အနုပညာလောကမှာ ဆယ်စုနှစ်များစွာ အောင်မြင်မှုတွေနဲ့အတူ အကယ်ဒမီဆုတွေကိုလည်း ရရှိပိုင်ဆိုင်ထားပြီး အခုလို ပရဟိတနဲ့ လှူဒါန်းမှုတွေကိုလည်း ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက်နေတာလည်း တွေ့ရါတယ်..။

“အလင်းပြကောင်းကင်” ပရဟိတ ဖက်ရှင်ဒီဇိုင်နာ အသက်မွေးသင်တန်းကျောင်း ဖဲကြိုးဖြတ်ဖွင့်လှစ်ပွဲအခမ်းအနား ပုံရိပ်လေးတွေကိုလည်း ပရိသတ်ကြီးများအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo – အေးဇော်မိုး fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။