ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ခန့်စည်သူ ဦးဆောင် ဖွင့်လှစ်လိုက်တဲ့ “အလင်းပြကောင်းကင်” ပရဟိတ ဖက်ရှင်ဒီဇိုင်နာ အသက်မွေးသင်တန်းကျောင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ မတ်လ(၃)ရက်နေ့ မနက်(၁၀)နာရီက သင်္ကန်းကျွန်းမြို့နယ် (င/က)ရပ်ကွက်မှာရှိတဲ့ ဓမ္မဝိဟာရဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှာ ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ပါတယ်..။

“အလင်းပြကောင်းကင်” ပရဟိတဖက်ရှင်ဒီဇိုင်းနာ အသက်မွေးသင်တန်းကျောင်း ဖဲကြိုးဖြတ်ဖွင့်လှစ်ပွဲကို အနုပညာရှင်အသိုင်းအဝိုင်းမှ မိတ်ဆွေသူငယ်ချင်းများနဲ့ အနုပညာရှင်များစွာလည်း တတ်ရောက်ဂုဏ်ပြုပေးခဲ့ကြပါတယ်..။

“အလင်းပြကောင်းကင်” ပရဟိတဖက်ရှင်ဒီဇိုင်နာ ဖွင့်ပွဲ အခမ်းအနားပွဲလေးကို အကယ်ဒမီ ခန့်စည်သူ၊ အကယ်ဒမီလူမင်း၊ အိချောပို၊ ပိုင်ဖြိုးသု၊ ခင်လေးနွယ်၊ ရွှေသမီး၊ ရတနာဗို၊ အဆိုတော် ရတနာနဲ့ အခြားအနုပညာရှင်များစွာလည်း တတ်ရောက်ခဲ့တယ်လို့ သိရပါတယ်..။

တတ်ရောက်လာတဲ့ မင်းသမီးချောလေးတွေကတော့ မြန်မာဝတ်စုံဖက်ရှင် ဒီဇိုင်းအမျိုးမျိုးလေးတွေနဲ့အတူ မတူညီတဲ့ အလှတရားလေးတွေနဲ့လည်း ရိုးရိုးယဉ်ယဉ်လေးတွေနဲ့ ချစ်စရာကောင်းနေကြတာလည်း တွေ့ရပါတယ်..။

“အလင်းပြကောင်းကင်” ပရဟိတအသင်းကိုတော့ ပရဟိတနဲ့ လှူဒါန်းမှုကိုတွေ မကြာခဏပြုလုပ်လေ့ရှိတဲ့ အကယ်ဒမီ ခန့်စည်သူက ဦးဆောင်ဖွင့်လှစ်တည်ထောင်ခဲ့တာ ဖြစ်တာ ဖြစ်ပါတယ်..။

အခုတစ်ခါမှာတော့ Myanmarload ပရိသတ်ကြီးများအတွက် “အလင်းပြကောင်းကင်” ပရဟိတ ဖက်ရှင်ဒီဇိုင်နာ အသက်မွေးသင်တန်းကျောင်း ဖွင့်လှစ်ပွဲကို တတ်ရောက်လာတဲ့ အနုပညာရှင်တွေရဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo - အေးဇော်မိုး fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။