နာမည်ကျော်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ခင်လေးနွယ်တစ်ယောက် မြန်မာဝတ်စုံလေးနဲ့ အလှကြီးလှနေတဲ့ သူမရဲ့ပုံရိပ်တွေကို Facebook မှာ တင်ထားတာဖြစ်ပါတယ်။ အမြဲတမ်းလှ ပပြီး နုပျိုနေတယ်ဆိုတာတော့ သူမရဲ့ချစ်စဖွယ်ပုံရိပ်လေးတွေက သက်သေပါပဲ။ အနုပညာ လုပ်ငန်းတွေမှာ သိပ်မတွေ့ရတော့ပဲ ကိုယ်ပိုင်စီးပွားရေးကို ဦးစားပေးပြီးလုပ်ကိုင်နေတာ ဖြစ်ပါတယ်။ ကိုယ်ပိုင်အထည်ဆိုင်လေးတစ်ခုကိုဖွင့်လှစ်ထားပြီး စက်ချုပ်သင်တန်းကို လည်း တက်ထားတယ်လို့သူမက ဆိုပါတယ်။ လက်ရှိထိတော့ တစ်ကိုယ်တည်း အပျိုကြီး အဖြစ်နဲ့ ဘဝကိုအေးအေးလူလူ ဖြတ်သန်းနေတာကိုကြည့်ရတာလည်း တကယ်ကို အားကျ စရာပါပဲ ပရိတ်သတ်ကြီးရေ။

အိမ်ထောင်ပြုတဲ့ကိစ္စဟာ စကားအကုန်ပြောလို့မရတာမို့ တစ်ချိန်သူမနဲ့လက်တွဲမယ့်သူ ပေါ်လာရင်တော့ ပရိတ်သတ်တွေကို အသိပေးမှာပါလို့ ဆိုပါတယ်။ တူတွေ တူမတွေကို ထိန်းနေတဲ့ အဒေါ်အပျိုကြီးအဖြစ်နဲ့ လတ်တလောမှာတော့ အေးဆေးဖြတ်သန်းချင်သေး တယ်လို့ ဆိုပါတယ်။ ဘယ်အချိန်ကြည့်ကြည့် အလှတွေကလျော့မသွားပဲ ပိုပိုပြီးတိုးတိုး လာတဲ့ သူမရဲ့ပုံစံလေးတွေ တကယ်ကိုကြွေချင်စရာကောင်းလှပါတယ်။ ချစ်စရာကောင်းတဲ့ လီဆူးမလေးရဲ့ မြန်မာဆန်ဆန်ပုံရိပ်တွေကလည်း တစ်မျိုးလေးဆွဲဆောင်လို့နေပါတယ်။

ရုပ်ရှင်ဇာတ်ကားတွေကိုမရိုက်ကူးဖြစ်ပေမယ့် တစ်ခါတစ်ရံ မိတ်ဆွေသူငယ်ချင်းတွေက လာရောက်ကမ်းလှမ်းတဲ့အခါမျိုးတွေမှာဆိုရင် MTV တွေမှာ ပါဝင်သရုပ်ဆောင်ပေးဖြစ် တယ်းလို့ဆိုပါတယ်။ သူမရဲ့မြန်မာဆန်တဲ့ ပုံရိပ်တွေကို " ပြည့်ပြည့်ဝဝ ချစ်ပါ အယ်လဲ့ " ဆိုပြီး ခပ်နောက်နောက်လေး တင်ထားတာဖြစ်ပါတယ်။ အသက်အရွယ်ပိုရလာလေ အလှတွေပိုတိုးလာလေဖြစ်တဲ့ အပျိုကြီးမမ ခင်လေးနွယ်ရဲ့ မြန်မာဆန်တဲ့ချစ်စဖွယ်ပုံရိပ် လေးတွေကို ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။

Photo - Khin Lay New's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။