တရုတ်ဇာတ်ကားတွေမှာ ဘုန်းတော်ကြီးများက ရှောင်လင်သိုင်းပညာ ပြသတဲ့အခန်းတွေကို ကလေးလူငယ်မရွေး ကြိုက်နှစ်သက်ကြတာပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ သူမတူတဲ့ သိုင်းပညာစွမ်းရည်တွေဟာ သူမတူထူးခြားပြီး ကမ္ဘာကတောင်လေးစား အသိမှတ်ပြုခဲ့ရတဲ့ အထိတောင် ဖြစ်ပါတယ်။ ဒီတစ်ပါတ်မှာတော့ ပရိသတ်ကြီးအတွက် ရှောင်လင်ဘုန်းကြီးတစ်ပါးရဲ့ ထူးဆန်းတဲ့ စွမ်းရည်တစ်ခုအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။ 

အဆိုပါရှောင်လင်ဘုန်းကြီး Feng Fei ဟာ (၁)ဂရမ်အလေးချိန်ရှိတဲ့ မှန်ချပ်ကို အပ်လေးတစ်ချောင်းတည်းနဲ့ ထုတ်ချင်းဖောက်ထွက်သွားအောင် လုပ်နိုင်တဲ့ ကွန်ဖူးအစွမ်းကို ပြသခဲ့တာပဲ ဖြစ်ပါတယ်။ ရှောင်လင်ဘုန်းကြီး Feng Fei ဟာ အပ်နဲ့မှန်ချပ်ကိုု ထုတ်ချင်းဖောက် အက်ကွဲသွားအောင် လုပ်ခဲ့ရုံတင်မဟုတ်ပဲ မှန်နောက်မှာထားတဲ့ဘောလုံုးကိုပါ ပေါက်သွားအောင် အစွမ်းပြခဲ့တာဖြစ်ပါတယ်။

ထိုကဲ့သို့ ကွန်ဖူးစွမ်းရည်ပြသတဲ့ အစီအစဉ်ကို “Slow Mo Guys” လို့အမည်ရတဲ့ Gavin Free နဲ့ Daniel Gruchy တို့နှစ်ဦး ပူးပေါင်းပြီးတင်ဆက်ပြသခဲ့တာ ဖြစ်ပါတယ်။ ယခုလိုပြသခဲ့တဲ့ ကွန်ဖူးစွမ်းရည်ဟာ အချိန်အတော်အကြာ လေ့လာသင်ယူခဲ့ရတယ်လို့ သိရပြီး အစီအစဉ်တင်ဆက်တဲ့ သူနှစ်ဦးကတော့ ရှောင်လင်ဘုန်းတော်ကြီးတွေရဲ့ ကွန်ဖူးစွမ်းရည်ကို တအံ့တသြဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။  

Source : The Sun 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။