ရုပ်ရှင်ဇာတ်ကားတွေအတွက် လိုအပ်တဲ့ ကာရိုက်တာပုံစံတွေဝင်အောင် Make Up Effect တွေသုံးကြရပါတယ် ။ လူငယ်မိတ်ကပ်ဆရာမလေး မိဘန်ဘန်ကတော့ ဒီလို Special Make Up တွေကို ဖန်တီးပေးနေသူပါ ။ သူမ ဖန်တီးပေးခဲ့တဲ့ ဇာတ်ကောင်တွေက ဇာတ်လမ်းနဲ့ ထပ်တူကျခဲ့ပါတယ် ။ ခုလည်း ဒါရိုက်တာဝိုင်း ရိုက်ကူးတဲ့ ရွှေကြာဇာတ်ကားအတွက် အဓိကသရုပ်ဆောင်ဖွေးဖွေးရဲ့ ကျောပေါ်က လိုအပ်တဲ့ မီးပူရာကို သူမလက်စွမ်းနဲ့ ဖန်တီးပေးခဲ့တာပါ ။  

Special Make Up Effect

" မကြာခင်ရုံတင်တော့မယ့်

ဒါရိုက်တာဝိုင်းရိုက်တဲ့

'ရွှေကြာ'ရုပ်ရှင်ဇာတ်ကားကြီးမှာ

ဖွေးဖွေးကို မီးပူလောင်အမာရွတ်

ဒဏ်ရာပြင်ပေထားတုန်းကပုံလေးပါ

ဪ..ဖွေးရဲ့တက်တူးလေးကိုလဲဖျောက်ပေးခဲ့တယ်နော်

ပြီးတော့ ဖွေးဖွေးရဲ့ငယ်ဘဝမီးပူကပ်ခံရလို့

ချက်ချင်းဖြစ်တဲ့ဒဏ်ရာကိုလဲပြင်ပေးထားပါတယ်ရှင်

Bunရဲ့ အားနည်းချက်လေးတွေရှိခဲ့ရင်လဲ

ဖြည့်စွက်ပြီးကြည့်ပေးကြပါနော်

ဒဏ်ရာပါတဲ့အခန်းလေးကနည်းပေမယ့် Bunရဲ့ဖန်တီးမှုလေးအတွက် အရာနညး်နည်းလေးထင်ရင်ပဲ ဝမ်းသာပါပြီ

ရုပ်ရှင်တခုရဲ့ရသအပြည့်အဝပေးနိုင်အောင်ကြိုးစားထားကြလို့

ဒီကားလေးကိုအားလုံးကြိုက်ကြမယ်လို့ထင်ပါတယ်ရှင် " လို့ မိတ်ကပ်အထူးပြုလုပ်ချက် ဆရာမလေး MiBunBun ကဆိုထားပါတယ် ။  

ဇာတ်ကောင်စရိုက်နဲ ကိုက်ညီအောင် ဖွေးဖွေးရဲ့ တတ်တူးတွေကိုလည်းဖျက်ပေးထားပါသေးတယ်တဲ့ ။ ရွှေကြာ ဇာတ်လမ်းတွဲကတော့ စာရေးဆရာမ ပုညခင်ရဲ့ လူကြိုက်များခဲ့တဲ့ အရှေ ့တံခါးအဝင် ဆိုတဲ့ ဝတ္ထုကို ရုပ်ရှင်အဖြစ်ပြန်လည်အသက်သွင်းခဲ့တာဖြစ်ပြီး ဖွေးဖွေးက ပြည့်တန်ဆာမလေးတစ်ယောက်နေရာကနေပါဝင်သရုပ်ဆောင်မှာပါ ။ အလင်းရောင် ၊ ဖွေးဖွေးနဲ့ သင်ဇာဝင့်ကျော်တို့ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ် ။  

သတင်းအရင်းမြစ် Phway Phway

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။