တရုတ်နိုင်ငံ၊ ကွမ်ကျိုးမြို့တွင် ၃ပတ်ကြာ လေ့ကျင့်ခြေစမ်းလျက်ရှိသော ပဏာမ မြန်မာယူ၁၈ အသင်းသည် ကန်တုံ ဘောလုံးလေ့ကျင့်ရေးကျောင်းတွင် ယှဉ်ပြိုင်ကစားခဲ့သည့် ၎င်းတို့၏ လေးပွဲမြောက် ခြေစမ်းပွဲစဉ်တွင် ကန်တုံ ယူ၂၀ လက်ရွေးစင် အသင်းအား (၁-၀)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

အဆိုပါ ပွဲစဉ်တွင် မြန်မာလူငယ်အသင်းက နောက်ဆုံး ကစားခဲ့သည့် ပွဲစဉ်မှ လူစာရင်းကို လေးဦး အပြောင်းအလဲ ပြုလုပ်ယှဉ်ပြိုင်ခဲ့သည်။ ပွဲအစ ၉မိနစ်တွင် ပြစ်ဒဏ်ဘောမှ တစ်ဆင့် ပြိုင်ဘက်အသင်းက ခေါင်းတိုက် ဦးဆောင်ဂိုး ရရှိခဲ့ပြီး ယင်းတစ်လုံးတည်းသော ဂိုးဖြင့်ပင် မြန်မာလူငယ် အသင်းအား အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။ ယခုပွဲစဉ်တွင် မြန်မာလူငယ်တို့ အနေဖြင့် တစ်ဖက်အသင်းနှင့် အပြန်အလှန် တိုက်စစ်ဆင် ကစားနိုင်ခဲ့ပြီး အပိုင် ဂိုးသွင်းခွင့် နှစ်ကြိမ်အား ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့သည့် အပြင် မိနစ် ၈၀တွင် တန်ပြန်ထိုးစစ်မှ တစ်ဆင့် သွင်းယူခဲ့သည့် ဝင်းနိုင်ထွန်း၏ ချေပဂိုးအား စည်းကြပ်ဒိုင်မှ လူကျွံဘောအဖြစ် မှားယွင်း သတ်မှတ်ခဲ့၍ အရှုံးရလဒ်ဖြင့်သာ ကျေနပ်ခဲ့ရသည်။

ကန်တုံယူ၂၀ လက်ရွေးစင် အသင်းမှာ လာမည့် ၂၀၁၇ခုနှစ်တွင် ကျင်းပမည့် တရုတ် အမျိုးသား အိုလံပစ်အားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အသင်းတစ်သင်းဖြစ်ပြီး နိုင်ငံခြားသား နည်းပြများဖြင့် စနစ်တကျ လေ့ကျင့်ပြင်ဆင်လျက်ရှိသည်။ အဆိုပါ အသင်းသည် မကြာမီကာလအတွင်း ဥရောပသို့ သွားရောက်ကာ ပူးတွဲလေ့ကျင့်ရေးများ ပြုလုပ်မည် ဖြစ်ကြောင်းလည်း သိရသည်။

Ref., MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။