အူဝဲလို့ ပရိသတ်တွေ ချစ်စနိုးခေါ်ကြတဲ့ မင်းသမီးချော အိန္ဒြာကျော်ဇင်ကတော့ ဖက်ရှင်ဘုရင်မလို့ တင်စားခေါ်ဝေါ်ရလောက်အောင် အမြဲတမ်း ဖက်ရှင်ရှင်ကျကျနဲ့ ဝတ်စားတတ်တာကတော့ သူမရဲ့ ချစ်စဖွယ်ပုံရိပ်လေးတွေထဲက တစ်ခုပါပဲ..

အခုလည်း ထိုင်မသိမ်း သတို့သမီးဝတ်စုံလေးနဲ့ လှရက်နိုင်လွန်းတဲ့ သူမကတော့ တော်ဝင်တဲ့ အလှတရားတွေနဲ့ ပရိသတ်တွေကို ဖမ်းစားလိုက်ပြန်ပါပြီ..။

Sweet & Smart Fashion Collection အတွက် ကြော်ငြာရိုက်ကူးပေးထားတာ ဖြစ်ပြီး အရမ်းလှပတဲ့ ထိုင်မသိမ်းဝတ်စုံလေးနဲ့အတူ နန်းဆန်တဲ့ တော်ဝင်အလှတရားလေးကို ပုံဖော်ရိုက်ကူးပေးထားတာလည်း တွေ့ရပါတယ်..။

မဟာဆန်တဲ့လှတရားတွေကို ပေါ်လွင်စေတဲ့ သူမရဲ့ ပုံရိပ်လေးတွေကတော့ တကယ့်ကို အကြွေစင်ပုံရိပ်လေးတွေနဲ့ ညို့ယူဖမ်းစားလိုက်ပြန်တာပါပဲ ပရိသတ်ကြီးရေ..

မင်းသမီး အိန္ဒြာကျော်ဇင်ကတော့ မြန်မာနိုင်ငံ ထိပ်တန်းစူပါ မင်းသမီးတစ်လက်ဖြစ်ပြီး အနုပညာလောကမှာ အောင်မြင်မှုတွေနဲ့အတူ ထိပ်ဆုံးက ရပ်တည်နေတဲ့ မင်းသမီးတစ်လက်ဖြစ်ပြီး ပရိသတ်တွေရဲ့ အချစ်တွေကိုလည်း အများဆုံး သိမ်းပိုက်ထားတဲ့ အနုပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်..။

အခုတစ်ခါမှာတော့ သတို့သမီး ထိုင်မသိမ်းဝတ်စုံလေးနဲ့ မဟာဆန်ဆန် အလှတရားတွေကို ပုံဖော်ရိုက်ကူးထားတဲ့ သူမရဲ့ ပုံရိပ်လေးတွေကို လည်း Myanmarload ပရိသတ်ကြီးများအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်.. ချစ်ရဲ့လား ပရိသတ်ကြီး..

Source - Pyay Ti Oo+ Eindra kyaw zin=pyay thudra fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။