ရုပ်ရှင် သရုပ်ဆောင် အဆိုတော် မင်းသမီးချောလေး နန်းမြတ်ဖြိုးသင်းတို့ ဇနီးမောင်နှံကတော့ တရုတ်နိုင်ငံ ဟောင်ကောင်ကို အပန်းဖြေခရီးရောက်ရှိနေပြီး လျှောက်လည်ရင်း ပျော်နေပါတယ်..။

တရုတ်နိုင်ငံ ဟောင်ကောင်မြို့ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ(၂၆)ရက်နေ့ကတည်းက ရောက်ရှိနေတာဖြစ်ပြီး ဟောင်ကောင်မှာ လျှောက်လည်ရင်း ပျော်နေတဲ့ သူမတို့ရဲ့ ပုံရိပ်လေးတွေကိုလည်း ပြန်လည်မျှဝေထားပါသေးတယ်..။

“တနေ့လုံး jewellry show ထဲမှာပဲအချိန်ကုန်သွားတော့ ညမှရောက်ဖြစ်တဲ့ Time Square ရှေ့မှာအမှတ်တရပေါ့..” ဆိုပြီး လျှောက်ရင်း ဓာတ်ဖမ်းခဲ့တဲ့ သူမတို့ရဲ့ ပုံခရီးသွား ပုံရိပ်လေးတွေကို ပြန်လည်မျှဝေထားတာပါ..။

သူမတို့ရဲ့ ဟောင်ကောင် အလည်အပတ် ခရီးစဉ်လေးမှာတော့ သူတို့ဇနီးမောင်နှံနဲ့အတူ သူမတို့ရဲ့ နှစ်ဖက် အမေတွေလည်း ပါတယ်လို့ သိရပါတယ်..။

မင်းသမီးချောလေး နန်းမြတ်ဖြိုးသင်းကတော့ ဂီတအနုပညာလောက အောင်မြင်မှုတွေကို ရရှိပိုင်ဆိုင်ထားသလို သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးလေးကို ပိုင်ဆိုင်ထားသူမို့ ပရိသတ်တွေ အားကျချစ်ခင်ရတဲ့ အနုပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်..။

ယနေ့လေးမှာတော့ ဟောင်ကောင်ကို အလည်အပတ်ရောက်ရှိနေပြီး လျှောက်လည်နေတဲ့ နန်းမြတ်တို့ ဇနီးမောင်နှံရဲ့ ခရီးသွားပုံရိပ်လေးတွေကို ပရိသတ်ကြီးများအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo - နန်းမြတ် fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။