ဖြစ်စဉ်မှာ ၁၆.၁၂.၂၀၁၆ရက် ညနေ၄း၃၀ ခန့်က

ပိန်းဆပ်ကျေးရွာနေ အမျိုးသမီးတဦးမှ ၎င်း ပိုင်လဘက်ခြံသို့ လဘက်ခူးသွားစဉ် လဘက်ခြံအတွင်း သစ်ပင်ပေါ်၌ လည်ပင်းကြိုးတန်းလန်းနှင့်သေဆုံးနေသော အမျိုးသား

အလောင်းအားမြင်တွေ့အကြောင်းကြားခဲ့ခြင်းဖြစ်သည်။ အခင်းဖြစ်နေရာသို့ ယနေ့ မနက်ပိုင်းက ကျောက်မဲမြို့ မြို့မရဲစခန်း တာဝန်ကျ တာဝန်မှုုးနှင့်အတူနယ်ထိန်းတပ်ဖွဲ့ဝင်များ၊ပ်ိန်းဆပ်ကျေးရွာအုပ်ချုပ်ရေးမှုုး၊ ဇီဝီတ လူမှူကူညီရေးအသင်း တို့မှ သွားရောက် ကြည့်ရှူစစ်ဆေးပြီး ဖြစ်ရိုးဖြစ်စဉ် ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်မဟုတ်သိရှိနိုင်ရန် ရဲဆေးစာဖြင့် ကျောက်မဲမြို့မရဲစခန်းမှ သေမှုသေခင်းဖွင့်လှစ်ပြီး ဇီဝိတ လူမှုကူညီရေးအသင်း ကျောက်မဲမှ အလောင်းအား ပြည်သူ့ဆေးရုံသို့ သယ်ယူ ပို့ဆောင်ပေးခဲ့သည်။

သေဆုံးသူမှာ ကျောက်မဲမြို့ အမှတ်(၇)ရပ်ကွက် နယ်မြေ(၁)နေ (ဘ)ဦးမြနိုင်၏သား အသက်(၄၉)နှစ်ရှိမောင်နိုင်(ခ) ဖိုးထူးငယ်ဖြစ်ကြောင်း သိရှိရသည်။

Credit စောမင်းကြူ

Than Htay

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။