ကမ်းရိုတမ်းဒေသဖြစ်တဲ့ အမေရိကန်အရှေ့မြောက်ပိုင်းမှာ ဆီးနှင်းများတိုက်ခတ်ခြင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာခြင်းကြောင်း လူ ၅ ဦးထက်မနည်းသေဆုံးခဲ့ပါတယ်။

ဆောင်းရာသီမုန်တိုင်းသတိပေးချက်များနှင့် လေပြင်းတိုက်ခတ်မှုသတိပေးချက်များကို အရှေ့မြောက်ဒေသမှ အတ္တလန်တစ်အလယ်ပိုင်းဒေသအထိ ထုတ်ပြန်ထားကြောင်း အမျိုးသားမိုးလေဝသဌာန မှ ပြောကြားခဲ့ပါတယ်။

ဆောင်းရာသီမုန်တိုင်း ရိုင်လေကြောင့် နယူးယောက်ပြည်နယ် မြောက်ပိုင်းနှင့်အနောက်ပိုင်းဒေသတို့တွင် ဆီးနှင်းများ တစ်ပေအမြင့်ခန့်အထိ ကျဆင်းနေပြီး ကမ်းရိုးတန်းဒေသများ၌ မိုးသည်းထန်စွာရွာသွန်းလျက်ရှိပါတယ်။

မုန်တိုင်းနောက်ဆက်တွဲသတင်းများအရ ချက်စတာဖီးလ်ကောင်တီ၌ အသက် ၄၄နှစ်အရွယ် အမျိုးသားတစ်ဦး သည် ကားမောင်းနေစဉ် ကားပေါ်သို့ သစ်ပင်ပြိုလဲမှုကြောင့် သေဆုံးခဲ့ရပြီး အသက် ၆ နှစ်အရွယ်ကလေးငယ် တစ်ဦးလည်း နေအိမ်၌အိပ်မောကျနေစဉ် သစ်ပင်ပြိုကျမှုကြောင့် သေဆုံးခဲ့ရသည်ဟု သိရပါတယ်။ 

ဒါ့အပြင် ဘယ်လ်တီမိုးအရပ်မှ အသက် ၇၇နှစ်အရွယ် အဖွားအိုတစ်ဦးသည်လည်း သစ်ပင်ကိုင်းပိမိ၍ သေဆုံးခဲ့ ရကြောင်း ရဲတပ်ဖွဲ့က ဆိုခဲ့ပါတယ်။ ဆက်လက်ပြီး နယူးယောက်အရပ်မှ အသက် ၁၁ နှစ်အရွယ် ကလေးငယ် တစ်ဦးနှင့် အသက် ၇၀အရွယ် အဖိုးအိုတစ်ဦးတို့လည်း သစ်ပင်ပိ၍သေဆုံးခဲ့ကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြခဲ့ကြပါတယ်။

မုန်တိုင်းရိုင်လေကြောင့် ပြည်တွင်းလေကြောင်းခရီးစဉ်ပေါင်း ၃၀၀၀ ကျော်ခန့်နှင့် အပြည်ပြည်ဆိုင်ရာ လေကြောင်းခရီးစဉ် ၂၄၀၀ ကျော်ခန့်ကို ဖျက်သိမ်းခဲ့ရကြောင်းလည်း သိရပါတယ်။ 

source - AFP

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။