နာမည်ကျော်မိတ်ကပ်ဖန်တီးရှင်တစ်ဦးဖြစ်တဲ့ မိတ်ကပ်မထက်တစ်ယောက် သူမရဲ့ မန္တလေး ရွှေမြို့တော် ရောက် ပုံရိပ်တွေကို Facebook မှာ တင်ထားတာဖြစ်ပါတယ်။ အမြဲတမ်းပျော်ပျော် ရွှင်ရွှင်နေတတ်တဲ့ သူမရဲ့ပုံရိပ်လေးတွေကတော့ အချိန်ပြည့်ပြုံးရွှင် နေတာပါပဲ။ တစ်ခါပြုံးရင် တစ်ရက်အသက်ပိုရှည်တယ် ဆို သူမအနေနဲ့ အချိန်တော်တော် ကြာကြာ ဘဝကိုပျော်ရွှင်စွာ ဖြတ်သန်းရမှာ အသေအချာပါပဲ။ အများတကာကို လှပ အောင်ပြုပြင်ပေးတဲ့ မိတ်ကပ်ပြင်ဆင်ခြင်း အလုပ်ကိုလုပ်နေတာကြောင့် ကုသိုလ်လဲရ ဝမ်းလည်းဝတဲ့အလုပ်ပါပဲ။

နာမည်ကျော်မင်းသား အောင်ရဲလင်းရဲ့ ပင်တိုင် ဒီဇိုင်နာဆိုလည်း ဟုတ်ပါတယ်။ သူမတို့ နှစ်ဦးရဲ့ ခင်မင်မှုဟာ ငါးနှစ်ကျော် ခြောက်နှစ်တာ ကာလတိုင်ခဲ့ပြီဖြစ်ပြီး တစ်ယောက်နဲ့ တစ်ယောက်က ပွင့်ပွင့်လင်းလင်းနဲ့ မောင်နှမအရင်းအခြာတွေလို ရင်းနှီးတဲ့အခြေအနေ တစ်ခုကိုရောက်ရှိနေတယ်လို့ ဆိုပါတယ်။ သူမဟာ လိင်ခွဲစိတ်မှုပြုလုပ်ခဲ့ပြီး အသံကိုပါ ခွဲစိတ်ပါ မိန်းကလေးတစ်ယောက်ရဲ့ဘဝကို မြတ်မြတ်နိုးနိုးခံယူခဲ့တာပဲဖြစ်ပါတယ်။ ခန္ဓာကိုယ် လုံးကိုယ်ပေါက်လှလှပပနဲ့ သူမရဲ့ပုံစံလေးက တကယ်ကိုကြွေချင်စရာကောင်းလှပါတယ်။

မန္တလေးကိုရောက်ရှိနေတဲ့ ထိုင်းမင်းသား DJ Push ကို မိတ်ကပ်လိမ်းပေးဖို့အတွက် သူမက ရောက်ရှိနေတာဖြစ်ပါတယ်။ သူမရဲ့ မန္တလေးမြို့က ပုံရိပ်တွေကို " မန်းလေးမှာ ခလေးတွေနဲ့ ပျော်နေတာ.... " ဆိုပြီး မန္တလေး Ocean မှာ ရိုက်ကူးထားတဲ့ပုံရိပ်တွေကို တင်ထားတာဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ မိတ်ကပ်ဆရာမလေးရဲ့ မန်းရွှေမြို့တော်က ချစ်စဖွယ်ပုံရိပ်တွေကို ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။

Photo - MA Htet's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။