ထိုင်းမင်းသား Push တစ်ယောက် မြန်မာနိုင်ငံကိုရောက်နေပါတယ် ။ အတိအကျပြောရရင်တော့ မန္တလေးကိုရောက်ရှိနေတာပါ ။ ထိုင်းသရုပ်ဆောင် DJ Push က မြန်မာနိုင်ငံမှာ အားပေးတဲ့ ပရိတ်သတ်အမြောက်အများပိုင်ဆိုင်ထားသူပါ ။ ထိုင်းဇာတ်ကားချစ်သူပရိတ်သတ်တွေကတော့ သူရိုက်ကူးထားတဲ့ ဇာတ်ကားတွေကို ကြည့်ရှုဖူးပြီးသားဖြစ်ပါလိမ့်မယ် ။

မန္တလေးမှာ ပြုလုပ်တဲ့ Solar Cosmetic Myanmar ရဲ့ စျေးရောင်းပွဲတော် လာရောက်တဲ့ ထိုင်းမင်းသား Push ကိုမထက်က မိတ်ကပ်လိမ်းပေးရမှာပါတဲ့ ။ အဲဒါကြောင့် မန္တလေးမှာသွားရောက်တွေ့ဆုံတဲ့သူတို့နှစ်ယောက် အမှတ်တရဓါတ်ပုံလေးအတူရိုက်ကူးခဲ့ပြီး

" သူ​လေးနဲ့ အခု့​တွေ့လိုက်​ပြီ " ဆိုပြီး သူတို့တွဲရိုက်ထားတဲ့ ဓါတ်ပုံလေးကို သူမရဲ့ လူမှုကွန်ယက်ကနေ တင်ထားခဲ့ပါတယ် ။

DJ Push ကတော့ ထိုင်းနိုင်ငံရဲ့ ကျော်ကြားတဲ့မင်းသားတစ်လက်ဖြစ်ပြီး ၊ အစီအစဉ်တင်ဆက်သူ ၊ ရေဒီယိုအစီအစဉ် DJ ၊ မော်ဒယ်သရုပ်ဆောင်အလုပ်တွေ အပြင် ပြင်ပစီပွားရေးလုပ်ငန်းတွေပါလုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ပါတယ် ။ ထိုင်းမင်းသမီးချော Warattaya Nilkuha (Jui) နဲ့ စေ့စပ်ထားပြီး မကြာခင်မှာပဲ လက်ထပ်တော့မှာဖြစ်ပါတယ် ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။