ကျောင်းသူလေး ၂ဦး တို့ဆေးတို့ခံရမှုဖြစ်စဉ်သတင်းနှင့်ပတ်သက်၍ မှန်ကန်မှု

မရှိကြောင်း အသိပေးဖော်ပြခြင်း

၁၅.၁၂.၂၀၁၆ရက်နေ့ ၁၅၃၀ အချိန်တွင် သန်လျင်မြို့နယ်၊ အောင်ချမ်းသာ

(၁)ရပ်ကွက်၊ ဗိုလ်ဘဝင်းလမ်းရှိ ခေမာရာမသီလရှင်စာသင်တိုက်တွင်ဖွင့်လှစ်

ထားသော မူလတန်းလွန်ကျောင်း၌ ကျောင်းသူလေး ၂ဦး တို့ဆေးတို့ခံရမှု

ဖြစ်စဉ်သတင်းနှင့်ပတ်သက်၍ မှန်ကန်မှုမရှိကြောင်း ရှင်းလင်းပွဲကို သန်လျင်

မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ပါသည်။

ဖြစ်စဉ်မှာ ၁၄.၁၂.၂၀၁၆ ရက်နေ့ ၁၃၀၀ အချိန်ခန့်တွင် သန်လျင်မြို့နယ်၊

အောင်ချမ်းသာရပ်ကွက်အုပ်ချုပ်ရေးမှူးမှ အောင်ချမ်းသာ(၁)ရပ်ကွက်၊

ဗိုလ်ဘဝင်းလမ်းရှိ ခေမာရာမသီလရှင်စာသင်တိုက်အတွင်း ဖွင့်လှစ်ထား

သော မူလတန်းလွန်ကျောင်းတွင် ကျောင်းသူ(၂)ဦး တို့ဆေးဖြင့်တို့ခံရ

ကြောင်းအကြောင်းကြားချက်အရ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန

အုပ်ချုပ်ရေးမှူး၊ သန်လျင်မြို့နယ်ရဲတပ်ဖွဲ့မှူး၊ သန်လျင်မြို့နယ်ပြည်သူ့ဆေးရုံ

အုပ်ကြီးနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနဦးစီးမှူး၊ သန်လျင်မြို့နယ်အမှတ်(၁)

မဲဆန္ဒနယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် မြို့နယ်ပညာရေးမှူး

ရုံးမှတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များမှ သွားရောက်စစ်ဆေး

ခဲ့ပါသည်။

ယင်းနေ့ ၁၂၀၀ အချိန်တွင် ၎င်းမူလတန်းကျောင်း၌ ပုံမှန်ကျောင်းတက်ခဲ့

ကြောင်း၊ ၁၂၃၀ အချိန်တွင် ဆဋ္ဌမတန်းကျောင်းသူများဖြစ်ကြသည့်

မဂျူးဂျူးမေ၊(၁၂)နှစ်၊ မသံစဉ်၊(၁၂)နှစ်၊ မသစ္စာချို၊(၁၂)နှစ်နှင့် မနွယ်နီလှိုင်

(၁၁)နှစ်တို့(၄)ဦးသည် အပေါ့သွားရန်အတွက် ကျောင်းဝင်းပြင်ပ ကျောင်း

နောက်ဘက် မန်းဘခိုင်လမ်း၏တစ်ဘက်တွင်ရှိသော ရေအိမ်သို့ထွက်သွား

စဉ် ၎င်းတို့(၄)ဦးအတူ ဘုရင့်နောင်လမ်းရှိ စျေးဆိုင်သို့စျေးသွားဝယ်ခဲ့

ကြောင်း၊ စျေးဝယ်ရာမှ ပြန်လာပြီးနောက် မသစ္စာချို နှင့် မနွယ်နီလှိုင်တို့မှာ

ရေအိမ်အားအသုံးပြုစဉ် မဂျူးဂျူးမေနှင့် မသံစဉ်တို့မှာ ရေအိမ်ရှေ့လမ်းပေါ်

တွင်ရပ်နေခဲ့ကြောင်း၊ ယင်းသို့ရပ်နေစဉ် မဂျူးဂျူးမေမှာ အမျိုးသားတစ်ဦးနှင့်

တိုက်မိကာ ၎င်းအမျိုးသား နောက်သို့လိုက်သွားသဖြင့် မသံစဉ်မှာလည်း

၎င်းတို့နောက်သို့လိုက်သွားခဲ့ကြောင်း၊ မသစ္စာချိုနှင့် မနွယ်နီလှိုင်တို့ ရေအိမ်

အသုံးပြုပြီးနောက် အဖော်ဖြစ်သူ ၂ ဦးအားမတွေ့ရှိသဖြင့် လိုက်လံရှာဖွေရာ

အမည်မသိအမျိုးသားနှင့်အတူ ရှေ့နောက်ပြေးလိုက်သွားသည်ကိုတွေ့ရှိရ

သဖြင့် ကျောင်းသို့ပြန်လာပြီး ဆရာမထံပြောပြခဲ့ကြောင်း၊ ဆရာမမှ ရပ်ကွက်

တာဝန်ရှိသူများထံသတင်းပို့ပြီး ဆရာမများ၊ ကျောင်းသားများနှင့်အတူ

လိုက်လံရှာဖွေခဲ့ရာ ၁၂၄၅ အချိန်တွင် မသံစဉ်အား ကျောင်းနှင့် ၃ ဖာလုံခန့်

အကွာ ဗိုလ်စောနောင်လမ်းပေါ်မှလည်းကောင်း၊ မဂျူးဂျူးမေအား ကျောင်းနှင့်

၂ ဖာလုံခန့်အကွာ သီရိပုလဲသွယ်လမ်းမှလည်းကောင်း ရှာဖွေတွေ့ရှိခဲ့ခြင်း

ဖြစ်ကြောင်း သိရှိရပါသည်။

ကျောင်းသူ ၂ ဦးဖြစ်သူ မဂျူးဂျူးမေနှင့် မသံစဉ်တို့အား စစ်မေးရာ မဂျူးဂျူးမေ

သည် အမည်မသိ အမျိုးသားနှင့်တိုက်မိပြီးနောက် ၎င်းနောက်သို့လိုက်သွား

ရန်စိတ်ဖြစ်ပေါ်ပြီးလိုက်သွားခဲ့ရာ ၎င်းအမျိုးသားမှ သီရိပုလဲသွယ်လမ်းပေါ်

တွင် သံဘူးနှင့်ထည့်ထားသော အချိုရည်အားတိုက်ခဲ့ကြောင်း၊ မသံစဉ်မှလည်း

၎င်းအနေဖြင့် မဂျူးဂျူးမေမှာ အမည်မသိအမျိုးသားနှင့်လိုက်သွားသည်ကို

တွေ့မြင်ရ၍ နောက်မှလိုက်ကြည့်ရာ ၄ ပေခန့်အကွာအရောက်တွင်

အမွှေးနံ့တစ်မျိုးရရှိသဖြင့် မဂျူးဂျူးမေအား ကျောင်းသို့ပြန်ရန်အော်ပြော

သော်လည်း ၎င်းအမျိုးသားနှင့် လိုက်သွားမည်ကိုသာပြောဆိုခဲ့ကြောင်း၊

ထိုစဉ် အမျိုးသားမှာ အခြားလမ်းတစ်ဘက်သို့ ခေတ္တထွက်သွားသဖြင့် ၎င်းမှ

မဂျူးဂျူးမေထံသို့သွားရောက်၍ ရှောက်ရွက်ဖြင့် နှာခေါင်းအားပွတ်ပေးခဲ့

ကြောင်း၊ ခဏအကြာတွင် အမည်မသိအမျိုးသားမှာပြန်လာသဖြင့် ၎င်းမှ

ပုန်းအောင်းနေစဉ် လိုက်ရှာသူများ၏ အသံကိုကြားရသဖြင့် အမျိုးသားမှာ

ထွက်ပြေးသွားခဲ့ကြောင်း ပြောပြသိရှိရပါသည်။

ယင်းသို့ပြောပြချက်အရ မြို့နယ်ဆေးရုံအုပ်ကြီးနှင့် မြို့နယ်ကျန်းမာရေးဦးစီးမှူး

တို့မှ မိန်းကလေး ငယ် ၂ ဦးအား ကျန်းမာရေးစစ်ဆေးခဲ့ရာ ပုံမှန်သွေးပေါင်ချိန်

အတိုင်းသာရှိပြီး နှလုံးခုန်နှုန်းမှာလည်း ပုံမှန်အတိုင်းရှိနေကာ တို့ဆေးတစ်မျိုးမျိုး

တို့ထိခံထားရသည့်လက္ခဏာမရှိကြောင်း စစ်ဆေးသိရှိခဲ့ရပြီး ရဲတပ်ဖွဲ့ဝင်များမှ

လည်း အဆိုပါ တို့ဆေးဖြင့်သွေးဆောင်ခေါ်ယူသည်ဟု ယူဆရသူ အမည်မသိ

အမျိုးသားအား လိုက်လံရှာဖွေခဲ့ပါသည်။

၎င်းပြင် မိန်းကလေးငယ် ၄ ဦးစျေးဝယ်ယူခဲ့သော စျေးဆိုင်ပိုင်ရှင်များအား

စစ်မေးရာ ယင်းနေ့ ၁၂၃၀ အချိန်ခန့်က အဆိုပါကျောင်းမှ ကျောင်းသူ ၄ ဦး

မှာ အိပ်ဆေးများလာရောက်ဝယ်ယူခဲ့ကြကြောင်း၊ ၎င်းတို့မှ အိပ်ဆေးများ

မရောင်းကြောင်း ပြန်လည်ပြောဆိုခဲ့သဖြင့် ကျောင်းသူ ၄ ဦးမှာ ဆိုင်အတွင်းမှ

ကျောင်းဘက်သို့ပြန်လည်ထွက်ခွာသွားကြောင်း ပေါ်ပေါက်ခဲ့ပါသည်။

အဆိုပါရှင်းလင်းပွဲသို့ သန်လျင်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးမြင့်စိန်၊

မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မြင့်ဦး၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနဦးစီးမှူး ဒေါက်တာ

မြကြေးမုံ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး

ဦးသက်မြင့်ဦး၊ မြို့နယ်ပညာရေးဦးစီးမှူးရုံးမှ ဒုတိယလက်ထောက်ကြီးကြပ်

ရေးမှူး ဦးမျိုးမင်းသန့်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်

ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ခေမာရာမသီလရှင်စာသင်တိုက်ရှိ

မူလတန်းလွန်ကျောင်းမှ ဆရာမများ၊ ဖြစ်စဉ်မှကျောင်းသူ မဂျူးဂျူးမေ၊ မသံစဉ်

နှင့် ၎င်းတို့၏မိဘများ၊ မူလတန်းလွန်ကျောင်းအနီးရှိ ဆေးဆိုင်၊ မုန့်မျိုးစုံနှင့်

အလှကုန်ပစ္စည်းဆိုင်တို့မှ ဆိုင်ပိုင်ရှင်များတက်ရောက်ခဲ့ကြပြီး မြို့နယ်

ကျန်းမာရေးဦးစီးဌာနဦးစီးမှူး ဒေါက်တာ မြကြေးမုံကရှင်းလင်းပွဲ၌ ကျောင်းသူ

မဂျူးဂျူးမေနှင့် မသံစဉ်တို့၏ဆေးစစ်ချက်များအရ ၎င်းတို့(၂)ဦး၏ နှလုံးခုံနှုန်း

နှင့် မျက်စိသူငယ်အိမ်တို့မှာ ပုံမှန်အနေအထားအတိုင်းသာရှိပြီး မူးယစ်ဆေး

တတ်သောဆေးဝါးတစ်မျိုးမျိုး သုံးစွဲထားခြင်းမရှိကြောင်းနှင့် တို့ဆေးကဲ့သို့

သောဆေးဝါးမျိုးမိထားသည့် လက္ခဏာများလည်း မတွေ့ရှိကြောင်း ရှင်းလင်း

ပြောကြားခဲ့ကာ ဖြစ်စဉ်မှ ကျောင်းသူ ၂ ဦးမှာလည်း ကျောင်းအနီးရှိ ဆေးဆိုင်၊

မုန့်မျိုးစုံနှင့် အလှကုန်ပစ္စည်းဆိုင်သို့ သွားရောက်၍ အိပ်ဆေးများသွားရောက်

ဝယ်ယူခဲ့ကြောင်းကို ထိန်ချန်ထွက်ဆိုခဲ့ကြပြီး မိမိတို့၏အပြစ်များကို ဖုံးကွယ်

လိုသည့်ရည်ရွယ်ချက်ဖြင့် တို့ဆေးတို့ခံရသည်ဟု လိမ်လည်ပြောဆိုခဲ့ခြင်း

သာဖြစ်ကြောင်း အသိပေးဖော်ပြအပ်ပါသည်။

Yangon Police

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။