ဆီးရီးယားနိုင်ငံသမတ္တ ဘတ်ရားအယ်အာဆတ် အနေနဲ့ အရှေ့ဂူတာမှာထကြွသောင်းကျန်းနေတဲ့ သူပုန်တွေကို ဆက်လက်ထိုးစစ်ဆင်နွှဲသွားမယ်လို့ပြောကြားခဲ့တယ်လို့သိရပါတယ်။လက်ရှိမှာ၎င်းဒေသကို အစိုးရစစ်တပ်တွေဝိုင်းရံထားပြီး အပြင်းအထန်တိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေအနေနဲ့ထိခိုက်မှုတွေများစွာ ကိုခံစားနေရတာလဲဖြစ်ပါတယ်။

သို့ပေမယ့် သမတ္တ ဘတ်ရားအယ်အာဆက်ကတော့ ၎င်းဒေသမှဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ပတ်သတ်ပြီး အနောက်နိုင်ငံတွေရဲ့ပြောကြားမှုတွေဟာ အလိမ်အညာတွေသာဖြစ်တယ်လို့ပြောကြားခဲ့တာပဲဖြစ်ပါတယ်။အပြစ်မဲ့တဲ့အရပ်သားတွေက ရုရှားနဲ့ အီရန်ကျောထောက်နောက်ခံပေးထားတဲ့ တပ်ဖွဲ့တွေ့ရဲ့တိုက်ခိုက်မှုကြောင့် သေဆုံးနေရတဲ့ဖြစ်ရပ်တွေအပေါ် အမေရိကန်ကတော့ ပြင်းပြင်းထန်ထန်ရှုံချထားခဲ့တာလဲဖြစ်ပါတယ်။

ယမန်နေ့ဖေဖော်ဝါရီလ ၄ ရက်နေ့တစ်ရက်တည်းမှာပင် ကလေးတွေအပါအဝင်အရပ်သားသုံးဆယ်ကျော် သေဆုံးခဲ့တယ်လို့ ဆီရီးယားလူ့အခွင့်အရေး လေ့လာစောင့်ကြည့်တဲ့အဖွဲ့ကပြောကြားထားပါတယ်။လက်ရှိအချိန်မှာဆိုရင်တော့ ဆီးရီးယားအစိုးရတပ်တွေက အရှေ့ဂူတာရဲ့ လေးပုံတစ်ပုံကို သိမ်းပိုက်ထားနိုင်ပြီး ၎င်းဒေသအတွင်းကို လူမှုကယ်ဆယ်ရေး အကူအညီတွေ ဝင်ပေးဖို့ခွင့်ပြုလိုက်ပြီလို့လဲသိရပါတယ်။

source - BBC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။