မနေ့ကယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်စီးတီးအသင်းဟာ ချဲလ်ဆီးအသင်းကို ၁ ဂိုး ဂိုးမရှိရလဒ်နဲ့ အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။မန်စီးတီးဟာ ယခုနိုင်ပွဲကြောင့် ရမှတ် ၇၈ မှတ်နဲ့ ဇယားထိပ်ဆုံးမှာဦးဆောင်နေတာလည်းဖြစ်ပါတယ်။ချဲလ်ဆီးအသင်းဟာ ရမှတ် ၅၃ မှတ်နဲ့ အဆင့် ၅ နေရာမှာ ရှိနေပြီလည်းဖြစ်ပါတယ်။မန်စီးတီးအသင်းဟာ အဆင့် ၂ နေရာက မန်ယူအသင်းကို ၁၈ မှတ်ဖြတ်ထားနိုင်တာလည်းဖြစ်ပါတယ်။

မန်စီးတီးအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဆာနေး၊ အဂူရို၊ ဘာနန်ဒိုဆေးဗာလ်း၊ ဒေးဗစ်ဆေးဗာလ်း၊ ဂန်ဒိုဂမ်၊ ဒီဘရိုင်း တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ချဲလ်ဆီးအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဟာဇတ်၊ ပတ်ဒရို၊ ဝီလီယံ၊ အလွန်ဆို၊ ဒရင့်ဝါးတား၊ ဖာဘရီဂတ် ၊မော့ဆက် တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ချဲလ်ဆီးအသင်းဟာ မန်စီးတီးအသင်းရဲ့ ကစားကွက်အောက်ရောက်ရှိနေခဲ့ပြီး ခံစစ်မှာသာ အချိန်ကုန်ခဲ့ရတာလည်းဖြစ်ပါတယ်။

ပထမပိုင်းပြီးဆုံးတဲ့ အချိန်ထိနှစ်သင်းလုံးဟာ ဂိုးမရှိသရေ နဲ့ ပြီးဆုံးခဲ့တာလည်းဖြစ်ပါတယ်။ဒုတိယပိုင်းပြန်အစမှာတော့ ဘာနန်ဒိုဆေးဗာလ်းက မန်စီးတီးအသင်းအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။မန်စီးတီးအသင်းကတော့ ယခုနိုင်ပွဲကြောင့် ပရီးမီးယားလိဂ်ဖလားရရှိဖို့ နီးစပ်တဲ့ အခြေအနေတစ်ခုကို ရောက်ရှိနေခဲ့ပြီလည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။