ကျောရိုးဆစ်လိမ်ကောက်နေသည့် ထူးခြားသော ဝေဒနာရှင် ကိုရင်လေး အကူအညီ လိုအပ်

ကျောရိုးဆစ်လိမ်ကောက်ကာ နာကျင်ကိုက်ခဲသည့်ဝေဒနာခံစားနေရသောကိုရင် ရှင်ဂန္ဓမာသည်စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် အလယ်ကျွန်းကျေးရွာ အုပ်စု ဂွေ့ကြီးကျေးရွာရတနာသိဒ္ဓိ ဘုန်းတော် ကြီးကျောင်းတိုက်တွင် ဦးဇင်းဦးတေဇနိယ၏စောင့်ရှောက်မှုဖြင့် သီတင်းသုံးနေထိုင်လျက်ရှိပါသည်။

ကိုရင် ရှင်ဂန္ဓမာကို မြန်မာသက္ကရာဇ်၁၃၆၂ ခုနှစ် နတ်တော်လဆန်း ၂ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် အလယ်ကျွန်းကျေးရွာအုပ်စု ဂွေ့ကြီးကျေးရွာတွင် အဖဦးပဲမောင် အမိ ဒေါ်ဝင်းရီတို့မှ မွေးဖွားခဲ့ပါသည်။

မွေးချင်း ၄ ဦးအနက်အငယ်ဆုံးသား ဖြစ်သည်။မွေးဖွားပြီး ရှစ်လသားအရွယ်တွင် ကျောရိုးဘယ်ဘက်ခြမ်း၌ အနာပေါက်ခဲ့ရာ ခွဲစိတ်ကုသမှုတစ်ကြိမ်ပြုလုပ်ခဲ့ရသည်။ဂွေ့ကြီးကျေးရွာ မူလတန်းကျောင်းနှင့်အလယ်ကျွန်းကျေးရွာ အလယ်တန်းကျောင်းတွင် ဆဋ္ဌမတန်းအထိ ပညာသင်ကြားခဲ့သည်။အသက် ၁၂နှစ်အရွယ်တွင် ဂွေ့ကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ရှင်သာမဏေပြုခဲ့ရာမှ ရှင်ဂန္ဓမာအဖြစ်ဘွဲ့အမည်တွင်ခဲ့ခြင်းဖြစ်သည်။

ရှင်သာမဏေဘဝဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုမြို့ ခနီ ္တး စာသင်တိုက်မှ ဆရာတော် ဦးအဂ္ဂဓမ္မ နှင့် ဦးဝိလာသတို့ထံ စာဝါသင်ကြား ခဲ့ရာ စာစုတန်းနှင့် အခြေပြုမူလတန်းအဆင့် တို့ကို အောင်မြင်ခဲ့သည်။ပညာဆက်လက်သင်ကြားနေစဉ်၂၀၁၅ခုနှစ် မတ်လဆန်းပိုင်းတွင် ကျောရိုး ခါးရိုး နာကျင်မှုကြောင့် ကြာရှည်ထိုင်မရ၍ ကျန်းမာရေးအလို့ငှာ နေရပ်သို့ ပြန်လာခဲ့ရသည် ကိုရင် ရှင်ဂန္ဓမာ၏ ဘယ်ဘက်ပခုံးသားမှာ ပုံမှန်အတိုင်းမဟုတ်ပဲ နိမ့်လျှောသွားခဲ့ပြီး ယာဘက် ပခုံးသားမှာ ပုံမှန်ထက်ကြီးထွားလာ ကာ အထိုင်အထ အသွားအလာပုံမှန်မဟုတ် တော့ပဲညောင်းညာကိုက်ခဲမှု ဝေဒနာကို ခံစားနေရကြောင်း သိရသည်။

ထိုဝေဒနာကြောင့် အချိန်ကြာမြင့်စွာမထိုင်နိုင်သဖြင့် ပရိယတ္တိစာပေသင်အံခြင်းအမှုကို မပြုလုပ်နိုင်တော့ပေ။ဝေဒနာကြောင့် စာပေသင်ကြားမှုကိုရပ်နားထားရသည်ကိုလည်း ကိုရင်လေးမှာ စိတ်မကောင်းကြီးစွာ ဖြစ်နေရပါသည်။ကျန်းမာရေးပြန်လည်ကောင်းမွန်လာနိုင်ရန်အတွက် ဆေးဝါးကုသခြင်းပြုလုပ်ရန်အခက်အခဲ ရှိနေကြောင်း၊ မိခင်ဖခင်တို့မှာလည်း လယ်ယာ လုပ်ငန်းကိုလုပ်ကိုင်ကြသူများဖြစ်သဖြင့်ဆေးဝါး ကုသပေးရန် ငွေကြေးအလုံအလောက်မှုမရှိကြောင်း သိရသည်။

ကိုရင်လေး၏ ဝေဒနာသက်သာပျောက်ကင်းစေရန်အတွက် အလှူရှင်များ စေတနာရှင်များမှ ဝိုင်းဝန်းကူညီပေးကြပါရန်မေတ္တာရပ်ခံပါသည်။ကျန်းမာရေးပြန်လည်ကောင်းမွန်လာနိုင်ရန်အတွက် ဆေးဝါးကုသခြင်းပြုလုပ်ရန်အခက်အခဲ ရှိနေကြောင်း၊မိခင်ဖခင်တို့မှာလည်း လယ်ယာ လုပ်ငန်းကို လုပ်ကိုင်ကြသူများဖြစ်သဖြင့်ဆေးဝါး ကုသပေးရန် ငွေကြေး အခက်အခဲရှိနေကြောင်းဆရာတော်ဦးတေဇနိယမှ မိန့်ကြားပါသည်။ကိုရင်လေး အရှင်ဂန္ဓမာ၏ ကျန်းမာရေးအတွက် အကြံပြု ခြင်း လှူဒါန်းခြင်းများ ပြုလုပ်လိုပါက

ဦးတေဇနိယ၊

ဂွေ့ကြီးကျေးရွာ ရတနာသိဒ္ဓိ

ဘုန်းတော်ကြီးကျောင်း

ဖုန်း - ၀၉/ ၄၅၇၄၁၇၄၃ရသို့

ဆက်သွယ်နိုင်ပါကြောင်းတင်ပြလိုက်ပါသည်။

Credit- မြန်မာသတင်းထူးသတင်းဦးများ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။