မာဖီးယားဆိုတဲ့စကားလုံးလေးကိုကြားတာနဲ့ ရက်စက်ကြမ်းမှုတွေများစွာနဲ့ဒုစရိုက်မှုတွေများကိုဖန်တီးလုပ်ကိုင်တဲ့ ဂိုဏ်းတစ်ဂိုဏ်းဆိုတာကိုပြေးမြင်မိမယ်လို့ထင်ပါတယ်။မာဖီးယားဆိုတဲ့ဂိုဏ်းကတော့ နိုင်ငံတော်တော်များများမှာပါ ထင်ရှားကျော်ကြားလှတဲ့ဂိုဏ်းတစ်ဂိုဏ်းပဲဖြစ်ပါတယ်။ဒါကြောင့်ပရိတ်သတ်တွေအတွက် အမေရိကန်နိုင်ငံမာဖီးယားဂိုဏ်းရဲ့အရေးပါလှတဲ့ပုဂ္ဂိုလ်တစ်ဦးရဲ့အကြောင်းကို ဝေမျှပေးချင်ပါတယ်။ 

အမေရိကန်နိုင်ငံရဲ့ မာဖီးယားဂိုဏ်းလို့ပြောလိုက်တာနဲ့ Salvatore Maranzano ဆိုတဲ့ပုဂ္ဂိုလ်တစ်ဦးကိုတော့ မေ့ထားလို့မရပါဘူး။ Salvatore ကတော့ အမေရိကန်နိုင်ငံရဲ့မာဖီးယားဂိုဏ်းကိုစတင်တည်ထောင်ခဲ့သူဖြစ်ပြီး အမေရိကန်နိုင်ငံရဲ့ စွမ်းအားအကြီးမားဆုံးရာဇဝတ်အဖွဲ့အစည်းတစ်ခုရဲ့ခေါင်းဆောင်တစ်ဦးလဲဖြစ်ပါတယ်။ကက်သလစ်ဘုန်းတော်ကြီးဖြစ်ချင်ခဲ့တဲ့ Maranzano ကတော့ အိမ်မက်တွေလမ်းပြောက်ခဲ့ရပြီး နယူးယောက်မှောင်ခိုလောကမှာ နာမည်ကြီးလာတဲ့ ဒုစရိုက်သမားကြီးတစ်ဦးဖြစ်လာခဲ့ရတာပဲဖြစ်ပါတယ်။ 

ဒုစရိုက်မှုတွေနဲ့အသားကျလာတဲ့ Maranzano ကတော့ တစနဲ့တစ စွမ်းအားကြီးမားလာပြီး ရက်စက်မှုတွေများစွာနဲ့ ဒုတိယမြောက် Julius Caesar ဆိုပြီး နာမည်တွင်တဲ့ဒုစရိုက်သမားတစ်ဦးပဲဖြစ်ပါတယ်။ပထမကမ္ဘာစစ်ပြီးချိန်လောက်မှ နယူးယောက်မြို့ကိုရောက်ရှိလာခဲ့တဲ့ Maranzano ကတော့ လောင်းကစားလုပ်ငန်းတွေ ၊အပျော်မယ်လုပ်ငန်းတွေ၊ မူးယစ်ဆေးဝါးမှောင်ခိုလုပ်ငန်းတွေသာမက အခြားအခြားသောမှောင်ခိုလုပ်ငန်းတွေကို လုပ်ကိုင်ပြီး အမေရိကန်ကသူဌေးတွေအားလုံးရဲ့ ဘော့စ်တစ်ယောက်ဖြစ်လာခဲ့တာဖြစ်ပါတယ်။

Maranzano ကတော့ သူ့ကိုယ်သူ little Caesar လို့အမည်ပေးခဲ့ပြီး နောက်လိုက်တွေဖြစ်တဲ့ Charles “Lucky” Luciano ၊ Bugsy Siegel ၊ Bugsy Siegel တို့နှင့်အတူ ဒုစရိုက်မှုပေါင်းများစွာကိုကျူးလွန်ခဲ့ပြီး ကိုယ်ပိုင်အင်ပါယာတစ်ခုကိုပါ ထူထောင်ဖို့ဆန္ဒပြင်းပြခဲ့သူတစ်ဦးလဲဖြစ်ပါတယ်။သူရဲ့နယူးယောက်မှောင်ခိုလောကကို သိမ်းပိုက်ဖို့ဆင်နွှဲခဲ့တဲ့ စစ်ပွဲဟာဆိုရင်လည်း အခုချိန်ထိ ပြောစမတ်တွင်နေတဲ့ သမိုင်းတစ်ခုဆိုလဲမမှားပါဘူး။ 

Maranzano ကတော့ မာဖီးယားဂိုဏ်းကို မိသားစုငါးခုအဖြစ်ခွဲခြားဖွဲ့စည်းခဲ့ပြီး နောက်လိုက်တစ်ဦးဖြစ်တဲ့ Luciano ရဲ့လုုပ်ကြံမှုကြောင့် သေဆုံးခဲ့ရတာဖြစ်ပါတယ်။ Maranzano ကတော့ သူအားကျနှစ်သက်ရတဲ့ Caesar လိုဘဝရဲ့စည်းမျဉ်းတွေကို ပြောင်းလဲသတ်မှတ်ခဲ့ပြီး ကမ္ဘာကြီးရဲ့တစ်ထောင့်တစ်နေရာကိုပြောင်းလဲပေးနိုင်ခဲ့တဲ့ပုဂ္ဂိုလ်တစ်ဦးပဲဖြစ်ပါတယ်။လူသာသေပေမယ့် သမိုင်းကြောင်းမသေခဲ့တဲ့ Maranzano အကြောင်းကိုတော့ Boardwalk Empire ဆိုတဲ့ဇတ်လမ်းတွဲလေးထဲမှာလဲလေ့လာကြည်ရှုနိုင်မှာပဲဖြစ်ပါတယ်။ ပရိတ်သတ်တွေသိရှိနိုင်စေဖို့အတွက်လဲဒီသတင်းလေးကိုဝေမျှပေးလိုက်ပါတယ်။

ref google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။