အင်ဒိုနီးရှားလေတပ်လေယာဉ်ပျက်ကျ၊ လိုက်ပါလာသူ ၁၃ ဦးလုံးသေဆုံး

ဒီဇင်ဘာ- ၁၈- အင်ဒိုနီးရှားလေတပ်ရဲ့ Hercules C-130 လေယာဉ်တစ်စီး နိုင်ငံအရှေ့ပိုင်းက ပါပူဝါပြည်နယ် အတွင်းမှာ ပျက်ကျခဲ့ပြီး လိုက်ပါလာသူအားလုံးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

လေယာဉ်မှူးသုံးဦးနဲ့တခြားလေတပ်အရာရှိ၁၀ ဦး သေဆုံးခဲ့တာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။

ရာသီဥတုဆိုးဝါးမှုက လေယာဉ်ပျက်ကျရတဲ့အကြောင်းရင်းဖြစ်နိုင်တယ်လို့ လေတပ်စစ်ဦးစီးချုပ် ဆူပရီယတ်နာ က ပြောပါတယ်။

လေယာဉ်ဟာ တနင်္ဂနွေနေ့အစောပိုင်းက တီမီကာမြို့ကနေ ဝါမန်နာမြို့ဆီ ရိက္ခာသယ်ဆောင်လာစဉ် ခရီးရောက်ကာနီးမှ တောင်ထူထပ်တဲ့နေရာအရောက်မှာ ပျက်ကျခဲ့တာဖြစ်ပါတယ်။

လေယာဉ်က တီမီကာမြို့ကနေ မနက် ၅နာရီ ၃၅ မိနစ်မှာထွက်ခွာလာတာဖြစ်ပြီး ဝါမန်နာမြို့ကို ၆ နာရီ ၁၃ မိနစ် မှာ ဆိုက်ရောက်နိုင်ဖို့ မှန်းထားတာဖြစ်ပါတယ်။

အင်ဒိုနီးရှားဟာ လေကြောင်းလုံခြုံရေးအားနည်းတဲ့မှတ်တမ်းတွေရှိပါတယ်။ ၂၀၁၅ ဇွန်လမှာ လေတပ်ရဲ့ သည်အမျိုးအစားလေယာဉ်တစ်စီးက မေဒန်မြို့ကနေထွက်ခွာပြီးမကြာခင်မှာပဲ လူနေဧရိယာအနီး ပျက်ကျခဲ့ဖူး ပါတယ်။

လေယာဉ်မှာလိုက်ပါလာတဲ့ ဝန်ထမ်း ၁၂ ဦးနဲ့ ခရီးသည် ၁၀၉ ဦးစလုံး သေဆုံးခဲ့ရပြီး မြေပြင်ပေါ်က လူ ၂၂ဦး ပါ သေဆုံးခဲ့ရပါတယ်။

Ref:BBC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။