နှစ်စဉ် ဘီလျံနာ စာရင်းကို ကြေငြာ ထုတ်ပြန်နေကြဖြစ်သော Forbes magazine က ယခုနှစ် ၂၀၁၈ အတွက် ဘီလျံနာ စာရင်း ၂၀ ဦးကိုလည်း မတ်လ ၆ ရက်နေ့တွင် ထုတ်ပြန်ကြေငြာ ခဲ့ပါတယ်။ ယခုလက်ရှိအနေအထားအရ Amazon ရဲ့ အကြီးအကဲ ပုဂ္ဂိုလ် chief Jeff Bezos က ကမ္ဘာ့အချမ်းသာဆုံး နံပါတ် တစ် စာရင်းဝင်ခဲ့ပြီး Bill Gates က နံပါတ် ၂ နေရာသို့ ရောက်ရှိခဲ့ပါတယ်။ အမေရိကန်သမ္မတ Donald Trump အနေနဲ့လည်း ၂၀၁၇ ခုနှစ်တွင် ကမ္ဘာ့ အချမ်းသာဆုံး စာရင်းရဲ့ ၅၄၄ နေရာတွင် ရှိခဲ့သော်လည်း ယခုနှစ်တွင် ၇၆၆ နေရာသို့ ရောက်ရှိခဲ့ပါတယ်။ ဒီနှစ်က အရင်နှစ်ကထက် ကြွယ်ဝမှု တိုးတက်လာကြောင်း စာရင်းအရ သိရှိရပါတယ်။ 

၂၀၁၈ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ဘီလျံနာ ၂၀ ဦး စာရင်းကတော့

(၁) Jeff Bezos – အမေရိကန်နိုင်ငံ Amazon ကုမ္ပဏီ ၏ အကြီးအကဲ ပုဂ္ဂိုလ်၊ ကြွယ်၀ ချမ်းသာမှုနှုန်း- US$112 billion

(၂) Bill Gates - အမေရိကန်နိုင်ငံ Microsoft တည်ထောင်သူ၊ ကြွယ်၀ ချမ်းသာမှုနှုန်း - US$90 billion.

(၃) Warren Buffett - အမေရိကန်နိုင်ငံ investor and owner of Berkshire Hathaway ၏ ရင်းနှီးမြှုပ်နှံသူ နှင့် ပိုင်ရှင် ကြွယ်၀ ချမ်းသာမှုနှုန်း - US$84 billion.

(၄) Bernard Arnaul - ပြင်သစ်နိုင်ငံ LVMH group ကြွယ်၀ ချမ်းသာမှုနှုန်း - US$72 billion

(၅) Mark Zuckerburg - အမေရိကန်နိုင်ငံ Facebook တည်ထောင်သူ၊ ကြွယ်၀ ချမ်းသာမှုနှုန်း - US$71 billion.

(၆) Amancio Ortega - စပိန်နိုင်ငံ Zara ပိုင်ရှင် ၊ ကြွယ်၀ ချမ်းသာမှုနှုန်း - US$70 billion.

(၇) Carlos Slim Helu - မက္ကစီကို နိုင်ငံ two telcos ၏ ပိုင်ရှင်၊ ကြွယ်၀ ချမ်းသာမှုနှုန်း- US$67.1 billion.

(၈) Charles Koch - အမေရိကန်နိုင်ငံ Koch Industries ၊ ကြွယ်၀ ချမ်းသာမှုနှုန်း - US$60 billion.

(၈) David Koch - အမေရိကန်နိုင်ငံ Koch Industries ၊ ကြွယ်၀ ချမ်းသာမှုနှုန်း - US$60 billion.

(၁၀) Larry Ellison - အမေရိကန်နိုင်ငံ Oracle ၏ co- founder ၊ ကြွယ်၀ ချမ်းသာမှုနှုန်း - US$58.5 billion.

(၁၁) Michael Bloomberg - အမေရိကန်နိုင်ငံ Bloomberg LP တည်ထောင်သူ၊ ကြွယ်၀ ချမ်းသာမှုနှုန်း - US$50 billion.

(၁၂) Larry Page - အမေရိကန်နိုင်ငံ Google ၏ co-founder of Google ၊ ကြွယ်၀ ချမ်းသာမှုနှုန်း - US$48.8 billion.

(၁၃) Sergey Brin - အမေရိကန်နိုင်ငံ Google ၏ co-founder of Google ၊ ကြွယ်၀ ချမ်းသာမှုနှုန်း - US$47.5 billion.

(၁၄) Jim Walton - အမေရိကန်နိုင်ငံ Walmart ၊ ကြွယ်၀ ချမ်းသာမှုနှုန်း - US$46.4 billion.

(၁၅) S. Robson Walton - အမေရိကန်နိုင်ငံ Walmart ၊ ကြွယ်၀ ချမ်းသာမှုနှုန်း - US$46.2 billion.

(၁၆) Alice Walton - အမေရိကန်နိုင်ငံ Walmart ၊ ကြွယ်၀ ချမ်းသာမှုနှုန်း - US$46 billion

(၁၇) Ma Huateng - တရုတ်နိုင်ငံ Tencent တည်ထောင်သူ၊ ကြွယ်၀ ချမ်းသာမှုနှုန်း - US$45.3 billion.

(၁၈) Francoise Bettencourt Meyer - ပြင်သစ်နိုင်ငံ L'Oreal ပိုင်ရှင်၊ ကြွယ်၀ ချမ်းသာမှုနှုန်း - US$42.2 billion

(၁၉) Mukesh Ambani - အိန္ဒိယနိုင်ငံ Reliance Industries ပိုင်ရှင်၊ ကြွယ်၀ ချမ်းသာမှုနှုန်း - US$40.1 billion

(၂၀) Jack Ma - တရုတ်နိုင်ငံ Alibaba ၏ အကြီးအကဲပုဂ္ဂိုလ်၊ ကြွယ်၀ ချမ်းသာမှုနှုန်း - US$39 billion.

သတင်းအရင်းအမြစ် - AsiaOne.com (Translated by ML) 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။