၇.၃.၂၀၁၈ ရက်နေ့မှ ၁၃.၃. ၂၀၁၈ ရက်နေ့ အထိ ဆရာစံဇာဏီဘို၏ တစ်ပတ်စာ ဟောကိန်းများကို ဖော်ပြပေးလိုက်ပါတယ်။ ယတြာချေနည်းလေးတွေနဲ့ ကံကောင်းစေမဲ့ အရောင်တွေလည်း ပါဝင်တာကြောင့် အားလုံးပဲ ကံကောင်းကြပါစေနော် ….

တနင်္ဂနွေနေ့ မွေးသူများ

တနင်္ဂနွေနေ့ မွေးသူတွေအတွက်ကတော့ အလုပ်ပို ကိစ္စပိုတွေ ကြုံမယ်။ ကောင်းခြင်း ကံကြမ္မာ ရှိမယ်။ ယှဉ်ပြိုင်မှု မှန်သမျှ အောင်မြင်မယ်။ အတတ်ပညာ၊ ဘ၀ အခြေအနေ မြင့်မားတဲ့ တိုးတက်မှု ကြုံမယ်။ အတိုက်အခံ အနည်းငယ် ရှိတယ်။ ရည်မှန်းထားတာနဲ့ လက်တွေ့ ကွာဟ နိုင်တယ်။ အရေးကြီးကိစ္စတွေလုပ်မယ်ဆိုရင် တနင်္လာ၊ သောကြာ၊ စနေနေ့ မွေးသူတွေနဲ့ တွဲပြီးလုပ်ပါ။ ကောင်းကျိုးပေးလိမ့်မယ်။

ကံကောင်းစေတဲ့ အရောင် - အဖြူ၊ အစိမ်း၊ မီးခိုးရောင်

ယတြာ - ပန်းအဝါတစ်ပွင့် မကြာခဏ ဘုရားကပ်လှူခြင်း ပြုလုပ်ပေးပါ။

စာမေးပွဲဖြေမယ့် သူတွေအတွက် အိမ်က အထွက် မြောက်အရပ်ကို မျက်နှာမူပြီး ညာဘက် ပခုံးကို ရေမွှေးစွတ်ပြီး ထွက်ပေးပါ။ ဘုရားစင်မှာ အုန်းညွှန့်၊ ကံ့ကော်၊ သပြေ တစ်ညွှန့်စီ ဘုရားကပ်လှူပြီး စာမေးပွဲ သွားရောက် ဖြေဆိုပါ။

တနင်္လာနေ့မွေးသူများ

တနင်္လာနေ့မွေးသူတွေက ရန်အတိုက်အခံတွေနဲ့ ဖြတ်သန်းရမယ်။ ကံကောင်းခြင်း ကံတွေတော့ ကြုံမယ်။ ငွေကြေး လုပ်ငန်း ကံကောင်းမယ်။ စာရွက်စာတမ်း လက်မှတ်ထိုးတာတွေ သတိထားရမယ်။ ရန်အတိုက်အခံ များမယ်။ အပြိုင်အဆိုင် အနှောင့်အယှက်လေးတွေ ရှိမယ်။ ဆုံးဖြတ်ချက်ချတာမျိုးတွေ မှန်မယ်။ ရပိုင်ခွင့်တွေ ပြန်လည် ရရှိမယ်။ တနင်္ဂနွေ၊ အင်္ဂါနေ့ မွေးသူများကြောင့် စိတ်အနှောင့်အယှက် ဖြစ်မယ်။ ကြာသာပတေး၊ ဗုဒ္ဓဟူး၊ တနင်္လာနေ့ မွေးသူများကြောင့် ကောင်းကျိုးများ ရနိုင်တယ်။

ကံကောင်းစေတဲ့ အရောင် - အဖြူ၊ အစိမ်း၊ မီးခိုးရောင်

ယတြာ - စာမေးပွဲဖြေမယ့် သူတွေအတွက် အိမ်က အထွက် အရှေ့မြောက်အရပ်ကို မျက်နှာမူပြီး လက်ဝါးနှစ်ဖက်ကို အမွှေးနံ့သာ ပက်ဖျန်းပြီးမှ အိမ်က ထွက်ပေးပါ။ အိမ်က ဘုရားစင်မှာ ကံ့ကော် (၁) ၊ ဇီး (၁)၊ သပြေ (၃) ညွှန့်စီ ဘုရားကပ်လှူပြီး စာမေးပွဲ သွားရောက် ဖြေဆိုပါ။

အင်္ဂါနေ့မွေးသူများ

အင်္ဂါနေ့မွေးသူတွေ အနေနဲ့ကတော့ ထူးထူးခြားခြား ကံကောင်းခြင်းနဲ့ တိုးတက်ခြင်းတွေ ကြုံမယ်။ ဆောင်ရွက်သမျှ အောင်မြင်မယ်။ အလိုဆန္ဒတွေ ပြည့်စုံမယ်။ လူယုံတော့ သတိထားရမယ်။ သူများ ပြသနာ ကိုယ့်ပြသနာ ဖြစ်တတ်တာကြောင့် သတိထားရမယ်။ ထင်ရှားတဲ့ အောင်မြင်မှု မျိုး ရရှိမယ်။ ပြောသမျှ ဆိုသမျှ အောင်မြင်မယ်။ ကြာသာပတေး၊ ဗုဒ္ဓဟူး၊ အင်္ဂါနေ့ မွေးသူများကြောင့် ကောင်းကျိုးများ ရရှိပြီး တနင်္လာနေ့၊ သောကြာနေ့ မွေးသူများကြောင့် စိတ်အနှောင့်အယှက်ဖြစ်မယ်။

ကံကောင်းစေတဲ့ အရောင် - အပြာရောင်၊ ပန်းရောင်၊ အနီရောင်။

ယတြာ - နေအိမ်အနားမှာရှိတဲ့ ဘုန်းကြီးကျောင်းမှာ ဆန် လှူဒါန်းပါ။

စာမေးပွဲဖြေမယ့် သူတွေအတွက် အိမ်က အထွက် အရှေ့အရပ်ကို မျက်နှာမူပြီး နဖူး ဆံသားအလယ်ကို ရေမွှေးစွတ်ပြီး ထွက်ပေးပါ။ အိမ်က ဘုရားစင်မှာ ဇီးညွှန့်၊ သပြေ သုံးညွှန့်စီ ဖန်ခွက်ထဲထည့်ပြီး ဘုရားကပ်လှူပြီး စာမေးပွဲ သွားရောက် ဖြေဆိုပါ။ 

ဗုဒ္ဓဟူးနေ့မွေးသူများ

ဗုဒ္ဓဟူးနေ့ မွေးသူတွေမှာ သာမာန်ထက် မြင့်တဲ့ ကံကောင်းခြင်း တိုးတက်ခြင်းတွေ ရှိမယ်။ လုပ်သမျှ အောင်မြင်မယ်။ အခက်အခဲ အားလုံး ကျော်လွှားနိုင်မယ်။ ပုံမှန်ထက်ကို ပိုပြီး ငွေဝင်မယ်။ လာဘ်လာဘ ဥစ္စာဓန ကြွယ်ဝမှုနဲ့ တိုးတက်မှုတွေ ရှိမယ်။ ငွေကြေး ကိစ္စမှာလည်း ပြောသမျှ အောင်မြင်မယ်။ ရန်အတိုက်အခံ အနည်းငယ် ရှိတယ်။ ငွေကုန် များမယ့် ကိန်းတော့ ရှိတယ်။ တနင်္လာ၊ အင်္ဂါနေ့ မွေးသူများနှင့် ပူးတွဲလုပ်ရင် အကျိုးပေးတယ်။

ကံကောင်းစေတဲ့ အရောင် - အပြာရင့်ရောင်၊ မီးခိုးရောင်၊ နက်ပြာရောင်။

ယတြာ - နေအိမ်အနားမှာရှိတဲ့ ဘုန်းကြီးကျောင်းမှာ လက်ဖက်ခြောက် လှူဒါန်းပါ။

စာမေးပွဲဖြေမယ့် သူတွေအတွက် အိမ်က အထွက် အရှေ့တောင်ကို မျက်နှာမူပြီး ညာဘက် ပခုံးကို ရေမွှေးစွတ်ပြီး ထွက်ပေးပါ။ အိမ်က ဘုရားစင်မှာ ရွက်လှ (၁) ၊ ခရေ (၁)၊ သပြေ (၃) ညွှန့် ဘုရားကပ်လှူပြီး စာမေးပွဲ သွားရောက် ဖြေဆိုပါ။ 

ရာဟုမွေးသူများ

ရာဟုမွေးသူတွေ အတွက်က ကံအနေအထား ပြောင်းလဲမှု နဲ့ တိုးတက်မှုတွေ ရှိမယ်။ ခရီး ကံကောင်းမယ်။ အရပ်ဝေးနဲ့ ဆက်သွယ်ပြီး လုပ်တဲ့ အလုပ်တွေနဲ့ ကောင်းသော အကျိုးဆက်ကို ရရှိမယ်။ ချက်ချင်း ဆုံးဖြတ်တဲ့ အလုပ်တွေ ရှေ့တိုး လုပ်ကိုင်ခြင်းရဲ့ ကောင်းသော ရလာဒ်တွေ ရမယ်။ ကိုယ်ပိုင်အတွေးအခေါ်နဲ့ လုပ်တဲ့ အလုပ်တွေ အောင်မြင်မယ်။ ငွေကြေး ကံကောင်းမယ်။ ကြာသာပတေး၊ ဗုဒ္ဓဟူး၊ စနေ နေ့ မွေးသူများကြောင့် ကောင်းကျိုးများ ရမယ်။

ကံကောင်းစေတဲ့ အရောင် - အစိမ်းရောင်၊ အဖြူရောင်၊ မီးခိုးရောင်

ယတြာ - ပန်းအဖြူကို မကြာခဏ ဘုရားကပ်လှူခြင်း ပြုလုပ်ပါ။

စာမေးပွဲဖြေမယ့် သူတွေအတွက် အိမ်က အထွက် အနောက်အရပ်ကို မျက်နှာမူပြီး လက်ဝါးနှစ်ဖက်အလယ်ကို ရေမွှေးစွတ်ပြီး ထွက်ပေးပါ။ အိမ်က ဘုရားစင်မှာ ခရေ (၂)၊ သပြေ (၃) ညွှန့် ဖန်ခွက်လေးထဲ ရေအပြည့်ထည့်ပြီး ဘုရားကပ်လှူပြီး စာမေးပွဲ သွားရောက် ဖြေဆိုပါ။

ကြာသာပတေးနေ့ မွေးသူများ

ကြာသာပတေး သားသမီးများအတွက်ကတော့ မေတ္တာရေး ကံကောင်းမယ်။ မိတ်ဆွေကောင်း အထောက်အကူ ရမယ်။ ပြောရေးဆိုရေး ထက်မြက်အောင်မြင်မယ်။ ကိုယ်ပိုင် အစွမ်းအစနဲ့ ရပ်တည် အကျိုးပေးခြင်းက အထောက်အကူများစွာ ရလာမယ်။ အလှူအတန်းကြုံမယ်။ မင်္ဂလာရှိတဲ့ ရက်တွေ ဖြစ်တယ်။ မျက်နှာပွင့်မယ်။ လူမျိုးကွဲ အကျိုးပေးမယ်။ ဗုဒ္ဓဟူးနေ့၊ အင်္ဂါနေ့ မွေးသူတွေက ကောင်းကျိုးပေးမယ်။

ကံကောင်းစေတဲ့ အရောင် - အပြာရောင်၊ မီးခိုးရောင်၊ နို့နှစ်ရောင်။

ယတြာ - အဝါရောင် ပန်း ဘုရားကပ်လှူခြင်း မကြာခဏ ပြုပေးပါ။

စာမေးပွဲဖြေမယ့် သူတွေအတွက် အိမ်က အထွက် အနောက်တောင်ကို မျက်နှာမူပြီး ညာဘက် ပခုံးကို ရေမွှေးစွတ်ပြီး ထွက်ပေးပါ။ အိမ်က ဘုရားစင်မှာ သပြေ (၅) ညွှန့်၊ ရေ (၃) ခွက်၊ ပေါက်ပေါက် (၁)ပွဲ နေ့စဉ် ဘုရားကပ်လှူပြီး စာမေးပွဲ သွားရောက် ဖြေဆိုပါ။ 

သောကြာနေ့ မွေးသူများ

သောကြာနေ့ မွေးသူတွေ အနေနဲ့ကတော့ ရန်အတိုက်အခံကြားက ဖြတ်သန်းရမယ်။ ဦးတည်လိုက်တဲ့ နေရာတိုင်း အတားအဆီးတွေ အတိုက်အခံတွေ ကြုံမယ်။ ပြောရေး ဆိုရေး အနှောင့်အယှက်တွေ ရှိမယ်။ တစ်ပါးသူ ကတိပျက်လို့ ကိုယ်လုပ်တဲ့ အလုပ်တွေကို နှောင့်နှေးတတ်၊ ခက်ခဲတတ်မယ်။ ချက်ချင်း ဆုံးဖြတ်ပြီး ရှေ့တိုးလုပ်တဲ့ ကိစ္စတွေရဲ့ ကောင်းသော အကျိုးဆက် ရရှိမယ်။ ငွေကြေး တိုးတက်ကိန်း ရှိတယ်။ ကြာသာပတေး၊ သောကြာ၊ စနေနေ့ မွေးသူများကြောင့် ကောင်းကျိုးများ ရပြီး အင်္ဂါ၊ ဗုဒ္ဓဟူးနေ့ မွေးသူများကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရမယ်။

ကံကောင်းစေတဲ့ အရောင် - အနီရောင်၊ ကြက်သွေးရောင်၊ ပန်းရောင်ရောင်။

ယတြာ - ပန်းအနီ ဘုရားကပ်လှူ ပူဇော်ခြင်း မကြာခဏ ပြုလုပ်ပါ။

စာမေးပွဲဖြေမယ့် သူတွေအတွက် အိမ်က အထွက် အနောက်မြောက်ကို မျက်နှာမူပြီး လက်ဝါးအလယ်ကို ရေမွှေးစွတ်ပြီး ထွက်ပေးပါ။ အိမ်က ဘုရားစင်မှာ သပြေ (၅) ညွှန့်၊ ရေ (၁) ခွက်၊ ပေါက်ပေါက် (၁)ပွဲ နေ့စဉ် ဘုရားကပ်လှူပြီး စာမေးပွဲ သွားရောက် ဖြေဆိုပါ။ 

စနေနေ့မွေးသူများ

စနေနေ့ မွေးသူတွေ အနေနဲ့ကတော့ ရပ်ထားတဲ့ အလုပ်တွေ ပြန်လည်စတင်နိုင်တယ်။ ခက်ခဲတဲ့ ကိစ္စ အားလုံးကို ပြေလည်အောင် ဖြေရှင်းနိုင်မယ်။ သူတစ်ပါးနဲ့ မတူတဲ့ ရှုထောင့်တွေက ကိုယ့်ရဲ့ တိုးတက်မှု အောင်မြင်မှုတွေကို တစ်ဆင့်ပြီး တစ်ဆင့် အားကောင်းမယ်။ တနင်္ဂနွေ၊ သောကြာ၊ စနေနေ့ မွေးသူများကြောင့် ကောင်းကျိုးများ ရရှိပြီး တနင်္လာ၊ ကြာသာပတေးနေ့ မွေးသူများကြောင့် စိတ်အနှောင့်အယှက် ဖြစ်တတ်တယ်။

ကံကောင်းစေတဲ့ အရောင် - အဖြူရောင်၊ အစိမ်းရောင်၊ မီးခိုးရောင်။

ယတြာ - ပန်းအဖြူ ကပ်လှူခြင်း မကြာခဏ ပြုလုပ်ပေးပါ။

စာမေးပွဲဖြေမယ့် သူတွေအတွက် အိမ်က မထွက်ခင် တောင်ကို မျက်နှာမူပြီး လက်ဝါးနှစ်ဖက်အလယ် ရေမွှေးစွတ်၊ လက်ခုပ် ၃ ချက်တီးပြီးမှ အိမ်က ထွက်ပေးပါ။ အိမ်က ဘုရားစင်မှာ အုန်းညွှန့် (၁) ၊ ကံ့ကော် (၅)၊ သပြေ (၅) ညွှန့် ဘုရားကပ်လှူပြီး စာမေးပွဲ သွားရောက် ဖြေဆိုပါ။

သတင်းအရင်းအမြစ် - ဆရာစံဇာဏီဘို 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။