အနုပညာလောကမှာ နေရာတစ်နေရာ ခိုင်ခိုင်မာမာရပြီး ရပ်တည်ဖို့ဆိုတာမလွယ်ပါဘူး။ အောင်မြင်တဲ့နာမည်တစ်ခုကို ပိုင်ဆိုင်နိုင်ဖို့အတွက် စွန့်လွှတ်အနစ်နာခံ ပေးဆပ်ခဲ့ရတာတွေရှိပါတယ်။ လက်ရှိမှာအောင်မြင်နေတဲ့ အနုပညာရှင်တစ်ဦးဖြစ်သူ အေးမြတ်သူကတော့ ယခုလိုပဲ ဝန်ခံပြောဆိုခဲ့ပါတယ်။

" ခြေခြေမြစ်မြစ်မရှိတဲ့ ဇာတ်လမ်းတွေ အေးမြတ်သူမရိုက်ချင်တော့ဘူး။ အရင်တုန်းက ရိုက်ခဲ့တယ်၊ ဘာလို့ရိုက်ခဲ့လဲဆိုတော့ ပိုက်ဆံကြောင့်ရိုက်ခဲ့တာ၊ ဒါရှင်းရှင်းပြောပြ တာ။ အဲလိုမျိုးရှိခဲ့တယ်။ အခုအချိန်မှာတော့ အေးမြတ်သူ ငြင်းဖို့ကြိုးစားထားပါတယ်။ "

" လက်ရှိပြသနေတဲ့ ကားတွေက လွန်ခဲ့တဲ့ ၂နှစ်၊၃နှစ်က ကားတွေဆိုတဲ့အခါကျတော့ အခုလက်ရှိမှာ ပရိသတ်မကြိုက်တဲ့ကားတွေထွက်လာနိုင်သေးတယ်ရှင့်။ အေးမြတ်သူပြောနိုင်တာကတော့ ဒီကနေ့ ဒီအချိန်ကစပြီး အေးမြတ်သူသည် သေသေချာချာပေါ့နော်၊ ကားတွေကို အေးမြတ်သူ အသေအချာရွေးသွားမယ်။ ကိုယ်လည်းမကြိုက်၊ပရိသတ်လည်း မကြိုက်နိုင် မယ့်ကားတွေကို လုံးဝလက်မခံတော့ဘူးလို့ အေးမြတ်သူဆုံးဖြတ်ထားတယ်။ ကိုယ့်ဘက်က ဆင်ခြင်လို့ရတာ၊ ပြောင်းလဲလို့ရတာကိုတော့ အေးမြတ်သူ ပြောင်းလဲသွားပါမယ်။ အရင်ကရိုက်ခဲ့တဲ့ကားတွေ၊ ပရိသတ် မကြိုက်နိုင်တဲ့ကားတွေကျန်နေနိုင်သေးလို့ပါ။ "

" ခုနကပြောသလို အေးမြတ်သူက ကိုယ်လိုချင်တဲ့ ရိုက်ချင်တဲ့ဇာတ်ကို ချင့်ချိန်နေတဲ့ အခါကျတော့ အေးမြတ်သူအနေနဲ့ ဝင်ငွေတော့လျော့တာပေါ့။ ဒီကားအတွက် အနုပညာကြေးဘယ်လောက် ဘယ်လောက်နဲ့ကမ်း လှမ်းလာတယ်ဆိုပေမဲ့ အေးမြတ်သူက ဒါဟာ ပရိသတ်မကြိုက်လောက်နိုင်ဘူး၊ ငါမရိုက်တော့ဘူးဆိုပြီး ငြင်းရတဲ့အခါကျတော့ ကိုယ့်ရဲ့ ဝင်ငွေကို ထိခိုက်တယ်။ ဒါအမှန်အတိုင်းပြောတာပါ။ ငွေရေးကြေးရေးကတော့ နည်းနည်းအခက်အခဲဖြစ်ပါတယ်။ အေးမြတ်သူက ဒီအနုပညာကရတဲ့ငွေကြေးနဲ့ပဲ ရပ်တည်နေရတာပါ။ တခြားပြင်ပစီးပွားရေးတွေလည်း ဘာမှမလုပ်ပါဘူး။ အဲဒီတော့ ဇာတ်လမ်းကိုမကြိုက်လို့ မရိုက်ဘူးငြင်းနေ သမျှကာလပတ်လုံး ရှေ့လျှောက်လည်း ငွေရေးကြေးရေးက ပိုခက်ခဲလာနိုင်တယ်။ တဖြည်းဖြည်းတော့ ကောင်းသောပြောင်းလဲခြင်းနဲ့ပြောင်းလဲလာရင်တော့ဖြစ်လာမှာပေါ့။ အစပိုင်းတော့ ဒီလောက်တော့ဖြစ်မှာပါပဲ။ စနစ်တစ်ခုပြောင်းလဲတဲ့ကြားကာလအချိန်အခါမျိုးမှာ အခက်အခဲတွေဆိုတာကတော့ ရှိမှာပါပဲ။ ရေလိုက်ငါးလိုက်မနေကြတော့ဘဲ တစ်ယောက်ချင်းစီကနေပြောင်းလဲပေးမယ်ဆိုရင်တော့ အကြီးကြီးပြောင်းလဲမှု တစ်ခုဖြစ်လာမယ်မျှော်လင့်ပါတယ်။"

Source : MODA

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။