SK Herbal ကထုတ်တဲ့ Sexy perfume body Lotion ကိုတော့ ချောင်းသာမှာအမိုက်စား ရိုက်ကူးခဲ့ပါတယ် ။

ဒီကြော်ငြာအတွက်ကိုတော့ ခပ်မိုက်မိုက်ဘော်ဒီကောက်ကြောင်းအလှနဲ့ နံပါတ်တစ် ရေပန်း အစားဆုံးဖြစ်တဲ့ မင်းသမီးလေး သင်ဇာဝင့်ကျော်က ရိုက်ကူးပေးခဲ့တာပါ ။

Lotion ဗူးတွေနဲ့အတူ ခန္ဓာကိုယ်အလှတွေကို ရင်ဖိုလောက်အောင်ထွင်းဖောက် မြင်နေရ တဲ့ ဝတ်စုံကို ဝတ်ကာ ရိုက်ကူးပေးခဲ့တာပါ ။

ခပ်ပြင်းပြင်းရိုက်ချက်များအောက်မှာ သင်ဇာရဲ့ အလှတွေကတော့ ပုရိသတို့ရဲ့ ရင်ခုန်သံ တွေကိုသာမက မိန်းခလေးချင်းတောင် အားကျရလောက်အောင်ကို ဆွဲဆောင်မှုကတော့ လုံးဝ အပြည့်ပါပဲ ။

Sexy ဆန်ဆန်နဲ့ ထင်ပေါ်လှတဲ့ ဖက်ရှင်တွေကိုသာ ရွေးချယ်တက်သူမို့ ဒီလိုပုံရိပ်က တွေ ကတော့ သူမအတွက် မထူးဆန်းလှပါဘူး ။

ဒါကြောင့် ချောင်းသာမှာအပြတ်လန်းနေတဲ့ ရင်ခုန်သံမြန်စေမယ့် ပုံရိပ်ကလေးတွေကို သင်ဇာပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

Source – Thin Zar Wint Kyaw FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။