မြန်မာနိုင်ငံဟာ လက်ရှိအထိလျှက်ရှိ လုံလုံလောက်လောက်ရရှိတဲ့နိုင်ငံတစ်နိုင်ငံ တစ်ခုဖြစ်ကြောင်း တွေ့ရပါတယ်။ ဒီကနေ့ မတ်လ ၉ ရက်နေ့တွင် လည်း လျှပ်စစ်ဓာတ်အားကောင်းမွန်ရေး အတွက် တိုးချဲ့လုပ်ဆောင်မှု တစ်ခုကို လုပ်ဆောင်ခဲ့တာတွေ့ရပါတယ်။ 

ဒီကနေ့မတ်လ ၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ်တွင် လျှပ်စစ် ဓာတ်အားကောင်းမွန်စေရန် ရည်ရွယ်၍ ထရန်စဖော်မာများ တိုးချဲ့တည်ဆောက်လျှက်ရှိကြောင်း သိရပါတယ်။ အဆိုပါ ထရန်စဖော်မာများကို တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ရှမ်းစုရပ်တွင် 200KVA တစ်လုံးအား မြို့နယ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ လည်းကောင်း၊ သစ်ရာမြိုင် ရပ်ကွက်တွင် 160KVA နှင့် ပိတောက်မြိုင်ရပ်ကွက်တွင် 200KVA တစ်လုံးကို ရဲကျော်သူ ကုမ္ပဏီတို့က တာဝန်ယူ တည်ဆောက်ခြင်းဖြစ်ကြောင်း သိရပါတယ်။  

အဆိုပါ ရပ်ကွက်များတွင် ယခင်က လျှပ်စစ်ဓာတ်အား လျော့နည်းကြောင်း၊ ယခုလို ထရန်စဖော်မာများ တည်ဆောက်ပေးခြင်းကြောင့် လျှပ်စစ် ဓာတ်အား အပြည့်အဝ သုံးစွဲနိုင်မည်ဖြစ်ကြောင်း ဒေသခံပြည်သူများထံမှ ကြားသိရပါတယ်။ ပရိသတ်များအတွက် ဒီကနေ့တိုးချဲ့လုပ်ဆောင်ခဲ့တဲ့ လျှပ်စစ်ဓာတ်အားပေး ထရန်စဖော်မာများအကြောင်း မျှဝေပေးလိုက်ပါတယ်။

Source - MOI 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။