မူးယစ်သတင်းအရ ရှာဖွေရာ အတွင်းခံဘောင်းဘီအတွင်းမှ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

၁၇-၁၂-၂၀၁၆ ရက်နေ့ ညနေ ၆ နာရီအချိန် မူးယစ်တပ်ဖွဲ့စု(၁၆)မှတပ်ဖွဲ့ဝင်များ၊ ပြင်ဦးလွင် မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်တို့သည် သက်သေများနှင့်အတူ မူးယစ်သတင်းအရ ပြင်ဦးလွင်မြို့၊ ရပ်ကွ်ကြီး(၁)၊ မန္တလေး-လားရှိုးလမ်းဘေးရှိ စံပြထမင်းဆိုင်အနီးတွင် စောင့်ဆိုင်းနေစဉ် လမ်းလျှောက်လာသူ စိုးနိုင် ၄၂ နှစ်၊ ရေအိုးကျေးရွာ၊ နမ္မတူမြို့၊ ရှမ်းပြည်နယ်နေသူအား ရပ်တန့်ရှာဖွေစစ်ဆေးရာ ၎င်းဝတ်ဆင်ထားသည့်ခဲရောင်အတွင်းခံဘောင်းဘီအတွင်းမှ အဖြူရောင် ပလပ်စတစ်ကော်ဘူးအတွင်း ထည့်လျက် ဘိန်းဖြူဟုယူဆရသော ဖြူ/၀ါရောင်အမှုန့် အလေးချိန် ၃ ဂရမ်၊ တန်ဖိုး ၃၀၀၀၀ ကျပ်၊ အနက်ရောင် ကြွပ်ကြွပ်အိတ်အတွင်း အပြာရောင်ပလပ်စတစ်ကပ်ခွာ အိတ်ဖြင့်ထည့်လျက် WYစာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၇၀ ပြား၊ အလေးချိန် ၁၇ ဂရမ် (ဒေသပေါက်စျေး ၁ ပြားလျင် ၄၀၀၀ ကျပ်နှုန်းဖြင့် ၆၈၀၀၀၀ ကျပ်)အား တွေ့ရှိသိမ်းဆည်းရမိပြီး စိုးနိုင်အားစစ်မေးရာ အဆိုပါမူးယစ်ဆေးဝါးများအား ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး(၂၀)၊ နောင်ခမ်းကြီးကျေးရွာနေ စိုးစိုးလွင် (ခ)ကိုစိုး ၅၀ နှစ်၏နေအိမ် သို့ပို့ဆောင်ရမည်ဖြစ်ကြောင်း သိရှိရသောကြောင့် ညနေ ၆ နာရီခွဲအချိန် စိုးစိုးလွင်(ခ)ကိုစိုး၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ စိုးစိုးလွင်(ခ)ကိုစိုးအား မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့်ဆက်စပ်ပစ္စည်းများနှင့်အတူ တွေ့ရှိဖမ်းဆည်းရမိခဲ့ သဖြင့် စိုးနိုင်နှင့် စိုးစိုးလွင်(ခ)ကိုစိုးတို့အား ပြင်ဦးလွင်မြို့မရဲစခန်း မယ(ပ)၂၉/ ၂၀၁၆၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ အရအမှုဖွင့်ဖမ်းဆီးစစ် ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

Credit - Mandalay Police

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။