ပုံမှန်ပွဲထွက်ကစားခွင့် ရရှိရန်အတွက် လာမည့်ဇန်နဝါရီလအပြောင်းအရွှေ့တွင် ရီးရဲလ်မဒရစ်မှ ထွက်ခွာတော့မည့် ကွင်းလယ်ကစားသမားဂျိမ်းစ်ရော့ဒရီဂတ်စ်အား အော်စကာနေရာတွင်အစားထိုးခေါ်ယူရန် ချယ်လ်ဆီးအသင်းက ကမ်းလှမ်းမှုများပြုလုပ်ထားကြောင်း သတင်းများထွက်ပေါ်လာသည်။

တရုတ်ကလပ်အသင်းသို့ ပြောင်းရွှေ့ကြေးပေါင်(၅၂)သန်းဖြင့် ရောက်ရှိရန် သေချာသလောက်ရှိနေသည့် အော်စကာနေရာအတွက် ချယ်လ်ဆီးကဂျိမ်းစ်အား ပထမ

ကစားသမားနေရာကတိနှင့် ပြောင်းရွှေ့ကြေးပေါင်(၇၅)သန်းကမ်းလှမ်းထားခြင်းဖြစ်သည်ဟုသိရသည်။

အသက်(၂၅)နှစ်ရွယ် ကိုလံဘီယာ ကွင်းလယ်တိုက်စစ်ကစားသမားလေးသည် နည်းပြဇီဒန်းလက်အောက်တွင် ပုံမှန်နေရာမရဘဲယခုရာသီတွင် (၈)ပွဲသာ အရန်အနေဖြင့်ပွဲထွက်ခွင့်ရရှိခဲ့သောကြောင့် ယခုကဲ့သို့အသင်းပြောင်းရန် ဆုံးဖြတ်ခြင်းဖြစ်ကြောင်းသိရသည်။ ဂျိမ်းအနေဖြင့် ကွင်းလယ်တိုက်စစ်

သာမက တောင်ပံတွင်လည်း ကစားနိုင်သောကြောင့်ချယ်လ်ဆီးအသင်းသို့ရောက်ရှိလာပါကညာတောင်ပံတိုက်စစ်သမားဖြစ်သည့် ပက်ဒရို/၀ီလျံတို့၄င်းတို့၏ နေရာကို ဖယ်ပေးရဖွယ်ရှိကြောင်းသုံးသပ်မိပါသည်။

Myanmar Chelsea

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။