သုံးလသားအရွယ်ယောက်ျားလေးရဲ့ ဗိုက်ထဲမှ သန္ဓေသား သုံးမွှာပူးကို နေပြည်တော် ကုတင်တစ်ထောင်ဆေးရုံကြီးက အောင်မြင်စွာ ခွဲစိတ်ပေးလိုက်နိုင်တယ်လို့ သိရပါတယ်။

“ဝမ်းသာတာပေါ့၊သူ့ကို ခွဲစိတ်ခန်းထဲခေါ်သွားတော့ ဘုရားစာရွတ်ပေးတယ်၊ အိမ်က ရေမန်းယူသွားတယ်၊ ပဌာန်းရေယူသွားတယ်၊ ခွဲခန်းထဲကို ဒီကလေးကို မသွင်းခင်ဘဲ ပဌာန်းရေနဲ့

ဒီကလေးတစ်ကိုယ်လုံးကို သပ်ပြီးတော့ ဘုရားစာရွတ်ပေးတယ်၊ ပြီးတော့ ခွဲခန်းထဲသွင်းပေးလိုက်တာပေါ့၊ ပြီးတော့ အကုန်လုံအောင်မြင်တယ်ဆိုတော့ တော်တော်ကြီး ဝမ်းသာပါတယ်။´´

လို့ ကလေးရဲ့ အဖွားတော်သူ ဒေါ်ချော ခေါ် ဒေါ်တင်တင်ပြုံးက အပြုံနဲ့ပြောပါတယ်။

သည်ကလေးမမွေးခင်က မိခင်ဖြစ်သူ ဒေါ်သန်းဦးရဲ့ ဗိုက်ထဲမှာ ကလေးအမြွှာပူး လေးယောက်လာရမှာဖြစ်ပေမယ့် ကလေးရဲ့ဗိုက်ထဲမှာပဲ သန္ဓေသားသုံးဦးက ကျန်ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မိခင် ဒေါ်သန်းဦး မီးဖွားပြီး တစ်လခွဲလောက်အကြာမှာ ကလေးရဲ့ ဗိုက်ဟာ ရောင်းသလိုဖြစ်လာတဲ့အတွက် ပျဉ်းမနား ကုတင် နှစ်ရာမှာ ပြသပြီး ဆေးရုံ ငါးရက်တက်ခဲ့ပါတယ်။ဆေးရုံက ဆင်းလာပြီး

ပျော်ဘွယ်ကို အလည်သွားတဲ့အခါ ကလေးက မသက်သာဘဲ ဗိုက်ကပိုပူလာတဲ့အတွက် မိတ္ထီလာ ဆေးရုံကြီးမှာပြသခဲ့ပါတယ်။အဲ့သည်မှာလည်း မသက်သာပြန်တဲ့အတွက် မန္တလေး ကုတင် ၅၅၀

ဆေးရုံမှာပြသခဲ့ရာ ဆေးရုံက ဓာတ်မှန်ရိုက် အာထရာဆောင်းရိုက်ပေးပြီး ၂ လပိုင်း ၈ ရက်နေ့မှာ ခွဲစိတ်မယ့်ရက် သတ်မှတ်ပေးခဲ့ပါတယ်

ေ နာက်ဆုံး ပျဉ်းမနား ပြန်ရောက်တဲ့အထိ ကလေးရဲ့ ဗိုက်က ပိုဖောင်းလာတဲ့အတွက် မိခင်ဖြစ်သူ ဒေါ်သန်းဦးမှာ နေပြည်တော် ကုတင်တစ်ထောင်ကို ပြသခဲ့ပါတယ်။

ကုတင်တစ်ထောင်ဆေးရုံကြီးက အရင် ဆေးရုံတွေက အချက်အလက်တွေကိုလကြည့်ပြီး သန္ဓေသားတည်နေတာ ဖြစ်လို့ ဒီဇင်ဘာ ၁၉ ရက်နေ့က အောင်မြင်စွာ ခွဲစိတ်ပေးခဲ့တယ်လို့

ကလေးရဲ့အဖွားဖြစ်သူ ဒေါ်ချောက ပြောပါတယ်။

သူက ကလေးရဲ့အသက်ကို ပြန်ရလိမ့်မယ်လို့တောင် မထင်ခဲ့ပေမယ့် ဆရာ၊ဆရာမကြီးတွေရဲ့ ကျေးဇူးတွေ မေတ္တာတွေကြောင့်သာ အခုလို အောင်မြင်တဲ့ ခွဲစိတ်မှုကို လုပ်နိုင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ခွဲစိတ်ပြီးတဲ့နောက် ကလေးရဲ့ကျန်းမာရေးလည်း ကောင်းမွန်လာပြီလို့ သိရပါတယ်။

ဗိုက်ထဲမှ သန္ဓေသား သုံးဦးမှာ တစ်ဦးက မိန်းကလေးဖြစ်ပြီး ကျန်သန္ဓေသားတွေကိုတော့ လိင်အင်္ဂါ သတ်မှတ်ဖို့ ခက်နေသေးတယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ သန္ဓေသားအဆင့်ပဲရှိသေးတာကြောင့် ဆေးရုံကြီးမှ အဆင့်မြင့်ဓာတ်ခွဲခန်းမှာ ကုသပေးနေတယ်လို့ သိရပါတယ်။

Source : kumudra

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။