ထိခိုက်ဒဏ်ရာရရှိမှုနဲ့ ပတ်သတ်ပြီး တာဝန်ယူဆောင်ရွက်ပေးခြင်းမရှိသည့်အတွက် တရားဥပဒေအရ ရင်ဆိုင်သွားမည့် Mဆိုင်းလု

မြန်မာနိုင်ငံရဲ့ Super Model တစ်လက်ဖြစ်တဲ့ Mဆိုင်းလု ဟာ Style Secrect အတွက် Photo Shooting ရိုက်နေစဉ်အတွင်းမှာ Accident ဖြစ်ပွားခဲ့ပြီး ဆေးရုံတက်ခဲ့ရတဲ့အထိ ဖြစ်ပွားခဲ့ရပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သတ်ပြီး တာဝန်ရှိသူတွေအနေနဲ့ ဆောင်ရွက်ပေးခြင်းမရှိသည့်အတွက် တရားဥပဒေအရ ရင်ဆိုင်သင့်ရင် ရင်ဆိုင်သွားမယ်လို့ ဆိုပါတယ်…………

"ညီမ သက်သာလာတာတော့မကြာသေးပါဘူး။ အဲ့တုန်းက လူကတော်တော် stress မိသွားတယ်။ ဖြစ်တာက ရုတ်တရက်ဆိုတော့ ကိုယ်လည်းထင်မထားမိဘူး။ အဲ့ဒီအချိန်က ညီမမှာ plan တွေကအကုန်ရှိပြီးသား။ စစဖြစ်တုန်းကဆို ငါအနုပညာအလုပ်ပြန်လုပ်လို့ မရရင်ဘယ်လိုလုပ်မလဲပေါ့။ ညီမကံကောင်းတယ်ပဲ ပြောရမှာပေါ့။ ခြေထောက်ကအကြော ပြတ်သွားတယ်။ ဆေးရုံမှာတော့ တစ်လလောက်နေလိုက်ရတယ်" ဆိုပြီး သူမရဲ့ ကျန်းမာရေးအခြေအနေနဲ့ ပတ်သတ်ပြီး ပြောပြသွားပါတယ်။

ထိခိုက်ဒဏ်ရာ ရရှိမှုနဲ့ပတ်သတ်ပြီး တာဝန်ရှိသူတွေဖက်က တုန့်ပြန်မှုမရှိခြင်းနဲ့ ပတ်သတ်ပြီးတော့

"သူတို့ဖက်က တာဝန်ရှိတဲ့သူတွေနဲ့တော့ စကားပြောဖြစ်တာပေါ့။ ဒါပေမဲ့ သူတို့ဖက်က အမျိုးမျိုးပြောနေတယ်။ နောက်ပိုင်း ဘာအဆက်အသွယ်မှ လုပ်မလာတော့ဘူး။ ပြောရမယ်ဆို နှစ်ပတ်တောင်ကျော်သွားပြီ။ တော်တော်လည်း ကြာနေပြီ။ စောင့်တော့ စောင့်ကြည့်နေတယ်။ ဆက်သွယ်မဘူးဆိုရင်တော့ တရားဥပဒေအရ စီစဉ်ဖို့တော့ရှိတယ်" ဆိုပြီး ပြောပြခဲ့ပါတယ်။

Source: Myanmar Celebrity

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။