အဆိုတော်ထူးအယ်လင်းဟာ ရင်နှင့်စရာစာသားလေးကို သူ့ရဲ့ဖေ့စ်ဘုတ်မှာ မျှဝေပေးထားပါတယ်။ စားသောက်နေတုန်းမှာ စပါယ်ပန်းရောင်းတဲ့ ကလေးငယ်က ပန်းလာရောင်းစဉ်မှာ ထူးအယ်လင်းရဲ့လေးစားစရာလုပ်ရပ်တစ်ခုကိုလည်း မြင်တွေ့ရပါတယ်။ 

သူ့ရဲ့ဖေ့စ်ဘုတ်မှာတော့

“သားလေး မင်း ကျောင်းနေသေးလား

ဟုတ်ကဲ့ ကျွန်တော် ၆ တန်းတက်နေတယ်ဗျ..

မင်း စပါယ်ပန်း ဒီည ရောင်းတာ အကုန် ကုန်သလား ?

မကုန်ဘူးဗျ ။

မင်း တစ်ညကို ဘယ်လောက်ဖိုုးလောက်ရောင်းရသလဲ ?

သား တစ်ညကို နှစ်ထောင် သုံးထောင်ဖိုးလောက် ရောင်းရတယ် ။

သြော ...

ခု မင်းလက်ထဲမှာ ရှိတဲ့ စပါယ်ပန်းတွေက ဘယ်လောက်ဖိုးလောက်ရှိလဲ ?

ခဏလေး ကျွန်တော် ရေကြည့်လိုက်မယ် ။

ဦးလေး သားစပါယ်ပန်းတွေ လေးထောင့်ရှစ်ရာဖိုးလောက်ရှိတယ် ။

ဟုတ်လား ကဲ ငါ မင်းကို ငါးထောင်ပေးမယ်

ငါ့ကိုအကုန်ပေးခဲ့ ။

ကျွန်တော် တစ်နေရာမှာ စပါယ်ပန်းဝင်ပေးစရာရှိသေးတယ် အဲ့ဒါတော့ ချန်ထားပေး ကျန်တာ ဦးလေး အကုန်ယူနော် !!!

ဟေ !!! အေး ရတယ် ပေးခဲ့ ။

ညမွှေးပန်းသည် ကလေးတစ်ဦးရဲ့ ဘဝရပ်တည်မှူကို လေးစားမိပါတယ် ...

ဒီလိုကလေးဟာ တစ်ချိန်မှာ နိုင်ငံသားကောင်း ဖြစ်လာနိုင်မယ်ဆိုတာ ကျွန်တော် မမှန်းနိုင်ဘူးလေ ။

သာကောင်းသာနိုင်သလို လျော့သွားရင်လည်း သူ့ကံပဲ ။

သေချာတာ ဒီကလေးက သူ့အားသူကိုးပြီး ငွေကို အလကား လိုက်တောင်းနေတဲ့ ကလေးမဟုတ်ဘူး တန်ဖိုးရှိတဲ့ ကလေးတစ်ယောက်ဆိုတာ ကျွန်တော်အသိအမှတ်ပြုခဲ့တယ် ။

ဒီညစာပေါ့ဗျာ ။

တန်ဖိုး တစ်ခု ပြန်ရခဲ့တယ်။

လူငယ်တွေက မှန်တစ်ချပ်ဖြစ်သလို

လူကြီးတွေက မှန်သားပြင်တစ်ချပ်ဖြစ်တာ

မမေ့စေချင်ပါဘူး လို့ တွေးရင်း တွေးရင်း ......

သူ့နေရာနဲ့သူ မှန်ဖို့လိုပြီလေ” ဆိုပြီး ရေးသားထားပါတယ်။  

source - Htoo L lin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။