မင်းသမီးချောလေး ယုသန္တာတင်ကတော့ အိန္ဒိယနိုင်ငံ Jaipur မြို့မှာရိုက်ကူးထားတဲ့ သူမရဲ့အလှအပပုံရိပ်တွေကို Facebook မှာ တင်လိုက်ပြန်ပါပြီ။ အိန္ဒိယရဲ့ အလှတရား တွေကို သူမရဲ့ချစ်စဖွယ်ပုံရိပ်လေးတွေနဲ့ ဖော်ကျူးရင်း ပရိသတ်တွေရဲ့ အမြင်တွေကို ဖမ်းစား လိုက်ပြန်ပါပြီ..။ အိန္ဒိယနိုင်ငံကို ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက အလည်အပတ်ရောက်ရှိနေတဲ့ မင်းသမီး ယုသန္တာတင်ကတော့ လတ်တလောမှာတော့ Jaipur မြို့မှာရှိတဲ့ Amer Fort ကိုရောက်ရှိနေတာပဲဖြစ်ပါတယ်။

Amer Fort ကို ရောက်ရှိနေတဲ့ပုံရိပ်လေးတွေကိုတော့ မင်းသမီးချောလေး ယုက သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ ပရိသတ်တွေကို ပြန်လည်မျှဝေထားတာ ဖြစ်ပါတယ်..။ “ အိန္ဒိယ ရဲ့ ပန်းရောင်မြို့လေး တစ်မြို့လုံး ဒီလိုအရောင်လေးတွေချည်းပဲ ချစ်တယ်.” ဆိုပြီး အဖြူရောင်ဝတ်စုံလေးကို ဆင်မြန်းပြီး ချစ်စရာကောင်းနေတဲ့ သူမရဲ့ ပုံရိပ်လေးတွေကို မျှဝေထားတာပါ..။

အဖြူရောင်ဝတ်စုံလေးကို ဝတ်ဆင်ထားပြီး အမြင်တစ်မျိုးနဲ့ ဖမ်းစားထားတဲ့ သူမရဲ့ ပုံရိပ်လေး တွေကတော့ ပရိသတ်တွေ သဘောကျ စေပြန်တာလည်း တွေ့ရပါတယ်..။ မင်းသမီးချော လေး ယုရဲ့ Amer Fort (ပန်းရောင်မြို့တော်) က ချစ်စဖွယ်ပုံရိပ်လေးတွေကိုလည်း ပရိသတ် ကြီးများအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo - Yu Thandar Tin's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။