လက်ရှိမြန်မာနိုင်ငံတွင် စေတနာ့ဝန်ထမ်းများစွာကို လိုအပ်နေဆဲဖြစ်ပါတယ်။ အဆိုပါ စေတနာ့ဝန်ထမ်းတွေကို ယခုလက်တလော သင်တန်းများ ပို့ချပေးလေ့ရှိကြောင်း သိရပါတယ်။ မွန်ပြည်နယ်၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ရေးမြို့နယ်တွင် သဘာဝဘေး လျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်း အမှတ်စဉ် ( ၉ /၂၀၁၈) ကို ဒီကနေ့ မတ်လ ၁၄ ရက်နေ့ နံနက် (၉)နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။  

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ညွန့်က အဖွင့်အမှာစကားပြောကြား သိရပါတယ်။ ၎င်းနောက်တွင် ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသောင်းရွှေက သင်တန်း ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ပါတယ်။ အဆိုပါသင်တန်းကို ( ၁၄.၃.၂၀၁၈)ရက်မှ (၁၆.၃.၂၀၁၈)ရက်အထိ (၃)ရက်ကြာသင်ကြား ပို့ချမည်ဖြစ်ပြီး မြို့နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ သင်တန်းသား/သင်တန်းသူ (၃၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရပါတယ်။

အဆိုပါ သဘာဝဘေး လျော့ပါးစေရေး စေတနာ့ ဝန်ထမ်း လူငယ် (ဆင့်ပွား) သင်တန်း ဖွင့်လှစ်ခြင်းဟာ မြန်မာပြည်ရဲ့ လိုအပ်ချက်တစ်ခုဆိုလည်း မှားမယ်မထင်ပါတယ်။ ဒီကနေ့ မွန်ပြည်နယ်၊ ရေးမြို့နယ်တွင်ကျင်းပခဲ့တဲ့ သဘာဝဘေး လျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်းအကြောင်း မျှဝေပေးလိုက်ပါတယ်။

Source - MOI 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။