နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ မော်လ်ဒယ် မင်းသားချောလေး ပိုင်တံခွန်ကတော့ အဘိုးဖြစ်သူရဲ့ ဘောင်းဘီနဲ့ အဖေရဲ့ အင်္ကျ ီတွေကို ဝတ်ပြီး ငယ်ဘဝကို ပြန်လွမ်းနေမိတယ်လို့ ဆိုပါတယ်..။

ငယ်ဘဝကို ပြန်လွမ်းရင်း ရပ်ကွက်လေးတွေထဲ ခြေဦးတည်ရာလျှောက်သွားနေမိတဲ့အကြောင်းလေးကိုလည်း ဓာတ်ပုံလေးတွေနဲ့အတူ ပိုင်တံခွန်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ ပြန်လည်မျှဝေထားပါသေးတယ်..။

“အဘိုးတယောက်ရဲ့ ဘောင်းဘီ အဖေတယောက်ရဲ့ အကျီၤ နဲ့ ခြေဦးတည့်ရာ လျှောက်ရင်း ဘယ်ရပ်ကွက်လေးထဲ ရောက်ခဲ့လည်းမသိ ငယ်ဘဝကို သတိရမိတယ်ဗျာ..” ဆိုပြီး ရေးသားမျှဝေထားတာပါ..။

သူ့ရဲ့ အဲ့ဒီပို့စ်ရဲ့ အောက်က Comment မှာလည်းအဘိုးတစ်ယောက် အဖေတစ်ယောက်လို့ ရေးထားတာနဲ့ ပတ်သက်ပြီး ပြန်လည် ပြောပြထားတာလည်း တွေ့ရပါတယ်..။  

“ကျနော့်အဖိုးက ဆုံးသွားပြီ ကျနော့်အဖေက နယ်မှာ ဒီနေ့ သားအဖ နှစ်ယောက်နဲ့ဆုံခဲ့တယ် အိမ်တခုမှာ အဖေတယောက် နဲ့ အဘိုးတယောက်ပေါ့.. ကျနော်အကျီစိုနေလို့ သူတို့ပေးတဲ့ အကျီကိုဝတ် ပြီးရိုက်ထားလို့ အဘိုးတယောက် အဖေတယောက် လို့ ရေးထားတာ အသေးစိတ်ရေးရင် စာဖတ်သူတွေကို အားနာလို့ပါ ခင်ဗျာ..”ဆိုပြီးလည်း ရေးသားပြောပြထားပါသေးတယ်..။

ရပ်ကွက်ထဲ လျှောက်သွားခဲ့တဲ့ မင်းသားချောလေး ပိုင်တံခွန်ရဲ့ သဘာဝကျကျ ပုံရိပ်လေးတွေကိုလည်း ပရိသတ်ကြီးများအတွက်ု ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo - ပိုင်တံခွန် fb 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။