မင်းသမီးချောလေး မယ်လိုဒီကတော့ အိမ်ထောင်ကျပြီးတဲ့ နောက်ပိုင်းနှစ်တော်တော်ကြာ ပရိသတ်တွေရှေ့ ကနေ ပျောက်ကွယ်နေခဲ့တာပဲဖြစ်ပါတယ်။အိမ်ထောင်ရေး ကံကောင်းသူလေးကတော့ ချစ်စရာကောင်းတဲ့ သားလေးရယ် ကြည်နူးစရာကောင်းတဲ့မိသားစုဘဝလေးရယ်နဲ့အတူ ဘဝကိုပျော်ရွှင်စွာ ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။အနုပညာလုပ်ငန်းတွေခဏရပ်နားခဲ့ပေမယ့် လူမှုကွန်ယက်ကနေ သူမရဲ့နေ့စဉ်ဘ၀ ဖြတ်သန်းပုံ လေးတွေကိုမျှဝေပေးနေပြီ ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်ရှိနေခဲ့တာပဲ ဖြစ်ပါတယ်။

ပရိသတ်တွေနဲ့ ဝေးကွာနေခဲ့တာကြာပြီ ဖြစ်တဲ့သူမကတော့ လက်ရှိမှာအနုညာလုပ်ငန်းတွေ ပြန် လည်လုပ်ကိုင် နေပြီပဲ ဖြစ်ပါတယ်။ရုပ်ရှင်ဇာတ်ကားတွေလည်း ပြန်လည်ရိုက်ကူးသွားမှာဖြစ်ပြီး လက်ရှိမှာတော့ မကြာခဏဆို သလို ဓာတ်ပုံရိုက်ကူးမှုလေးတွေ ပြုလုပ်ဖြစ်နေတာပဲ ဖြစ်ပါတယ်။ဒီနေ့မှာလည်း သူမရဲ့ ဓာတ်ပုံရိုက်ကွင်းလေး တစ်ခုမှ အမိုက်စားပုံလေးတွေ မျှဝေပေးချင်ပါတယ်။ 

ပုံရိပ်လေးတွေထဲမှာတော့ စမတ်ကျကျနဲ့ အရမ်းကိုလှပနေတဲ့ သူမကိုမြင်တွေ့ရတာပဲ ဖြစ်ပါတယ်။ကလေးတစ် ယောက်မိခင်ဆိုတာ မယုံနိုင်လောက်အောင်ကို ဟိုးအရင်ကအတိုင်းနုပျိုလှပနေဆဲပဲ ဖြစ်ပါတယ်။သူမရဲ့ ပုံရိပ် လေးတွေကိုလည်း သူမရဲ့လူမှုကွန်ယက် အင်စတာဂရမ်မှာ မျှဝေထားတာကိုလည်းတွေ့ရပါတယ်။ အောင်မြင် ပျော်ရွှင်နေတဲ့ အိမ်ထောင်သည် မိခင်တစ်ယောက်ရဲ့ အရမ်းကို စမတ်ကျလှပနေတဲ့ ပုံရိပ်လေးတွေ မျှဝေပေး လိုက်ပါတယ်နော်။

သတင်းအရင်းအမြစ် - မယ်လိုဒီ  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။