ပူပြင်းခြောက်သွေ့သော နွေရာသီကာလသို့ရောက်ရှိလာပြီဖြစ်၍ ဖာပွန်မြို့ အမှတ်(၁)ရပ်ကွက်ရှိ အိမ်ခြေ(၆၇)အိမ်ရှိ လူဦးရေ၃၅၄တို့အား သောက် သုံးရေပြတ်လတ်မှုမရှိစေရေးအတွက် ရေတွင်းဟောင်းအတွင်းရှိ အမှိုက်များနှင့် အညစ်အကြေးများ ပြန်လည်ဆယ်ယူခြင်းလုပ်ငန်းကို မတ်လ ၁၆ရက် နံနက်(၁၀း၀၀)နာရီချိန်က ဒေသခံပြည်သူများ ကိုယ်ထူကိုယ်ထစနစ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ အဆိုပါရေတွင်းအား ပြန်လည်အသုံးပြုနိုင်ရေးအတွက် ၂၀၁၆- ၂၀၁၇ဘဏ္ဍာနှစ် လွှတ်တော်ခွင့်ပြုရန်ပုံငွေကျပ် သုံးသိန်းဖြင့် ရေတွင်းဘောင်များပြုပြင် ပေးခြင်း၊ သွပ်မိုးပေးခြင်းနှင့် ရေတွင်းပတ်လည်ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများဆောင်ရွက်ပေးခဲ့ကြောင်း သိရပါတယ်။ 

သို့သော် ဒေသခံပြည်သူများက ပြန်လည်အသုံးပြုခြင်း မရှိဘဲ စည်ပင်သာယာရေးအဖွဲ့က လယ်ကပေါ်ချောင်းမှ ၆လက်မပိုက်ဖြင့် သွယ်တန်း၍ ဖြန့်ဖြူးပေးသောရေဖြင့်သာ ဖာပွန်မြို့ပေါ်ရပ်ကွက်တွင် အသုံးပြုလျက်ရှိခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ချောင်းမှာ နွေရာသီသို့ရောက်ရှိလာပြီဖြစ်၍ ရေခမ်းချောက်ပြီး တစ်ရက်ခြား နှစ်ရက်ခြားမှ ရေရရှိခြင်းနှင့် ရေခမ်းချောက်ခြင်း ကြုံတွေလာပါက ရေပြတ်လပ်မှုမရှိရေးအတွက် အမှတ်(၁)ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်သူ၊ ရပ်ကွက်သားများက အဆိုပါရေတွင်းဟောင်းအားဆယ်ယူခြင်းလုပ်ငန်းများ ဝိုင်းဝန်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရပါတယ်။ 

အမှတ်(၁)ရပ်ကွက် အုပ်ရေးမှူးက ယခင်က တည်းက အဆိုပါရေတွင်းကို ဒေသခံပြည်သူများက အသုံးပြုခဲ့ကြပြီး ပိုက်လိုင်းစနစ်ဖြင့် ရေဖြန့်ဝေပေးခဲ့ရာ အဆိုပါရေတွင်းအား အသုံးပြုခြင်း မရှိတော့ကြောင်း၊ ယခုအခါ ရာသီဥတုမှာ ယခင်ကလိုမဟုတ်တော့ဘဲ အပူရှိန်မြင့်မားလာခြင်းကြောင်း ချောင်း၊ အင်းအိုင်များ ရေခမ်းချောက်မှုဖြစ် ပေါ်ခြင်းတို့ကြောင့် ကြိုတင်ကာကွယ်သည့်အနေဖြင့် ပြန်လည်ဆယ်ယူခြင်းလုပ်ငန်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ အဆိုပါ ရေတွင်းအား ဆယ်ယူပြီးစီးပါက အမှတ်(၁)ရပ်ကွက် အိမ်ခြေ(၆၇)အိမ်ရှိ လူဦးရေ ၃၅၄ရေပြတ်လပ်မှုမရှိတော့ဘဲ သောက်သုံးရေသန့်ကို အချိန်မရွေးအသုံးပြုနိုင်တော့မည် ဖြစ်ကြောင်းသိရပါတယ်။

Source - Myanmaalinn

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။