နာမည်ကျော်မိတ်ကပ်ဖန်တီးရှင်တစ်ဦးဖြစ်တဲ့ နေခြည်ဦးတစ်ယောက် Telenor Myanmar က ကျင်းပတဲ့ New Platform Launch ပွဲလေးကို တက်ရောက်ခဲ့တာပဲဖြစ်ပါတယ်။ အနုပညာ ခရီးလမ်းမှာ သူမရဲ့ပထမဆုံးခြေလှမ်းကတော့ " ရန်သူ " ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးပဲ ဖြစ်ပါတယ်။ သူမရဲ့ရိုက်ကွင်းပေါ်က ချစ်စဖွယ်ပုံရိပ်လေးတွေကတော့ ပရိတ်သတ်တွေကို အဖမ်းစားနိုင်ဆုံးပါပဲ။ ဒီ ဇာတ်ကားထဲက မင်းသမီးဝတ်မှုန်ရွှေရည် ရဲ့ Tomboy ပုံစံလေး က မိန်းကလေးပရိတ်သတ် တွေကြားမှာ အရမ်းကိုခေတ်စားသွားပြီး လူစိတ်ဝင်စားမှုများ တဲ့ ဇာတ်ကားတစ်ကား ဖြစ်လာပါတော့တယ်။

အောင်မြင်တဲ့ မိတ်ကပ်အလှပြင်ဆင်ချယ်သသူဖြစ်ပြီး Make Me Beautiful အစီအစဉ် မှာ လည်း အကဲဖြတ်ဒိုင်အဖြစ် သူမကပါဝင်ခဲ့ပါသေး တယ်။ အမြဲတမ်းချစ်စရာကောင်းတဲ့ ပုံစံ လေးတွေနဲ့ ပရိတ်သတ်တွေကိုဖမ်းစားနိုင်ခဲ့ပြီး သူမကိုချစ်ခင်အားပေးတဲ့ပရိတ်သတ်တွေ က လည်း တနေ့တခြား ပိုပိုပြီးများလို့လာပါတယ်။ ချီချီလို့ ပရိတ်သတ်တွေကချစ်စနိုးခေါ်ကြတဲ့ နေခြည်ဦးရဲ့ Telenor Myanmar ရဲ့ New Platform Launch ပွဲကိုတက်ရောက်လာတဲ့ ပွဲ တက်ဝတ်စုံကတော့ တကယ့်ကိုအမိုက်စားပါပဲ။ သူမရဲ့အလှတွေကိုလည်း ပိုပြီးထင်ပေါ်စေ ပါတယ်။ အမြဲတမ်းမရိုးသွားတဲ့အလှတရားတစ်ခုကို ပိုင်ဆိုင်ထားသူလေးဆိုလည်း မမှား ပါဘူး။

သူမရဲ့ ပွဲတက်ပုံရိပ်တွေကို Facebook မှာ တင်ထားတာဖြစ်ပါတယ်။ အစိမ်းရောင် ကုတ် အင်္ကျ ီ စိမ်းပြာရောင် ရောင်ပြေးအင်္ကျ ီလေးကို အစိမ်းရောင်ဘောင်းဘီနဲ့ တွဲဖက်ဝတ်ဆင် ထားပြီး ဆံပင်ကိုအားလုံးစုစည်းကာ ကျစ်ဆံမြီးအရှည်ကျစ်ထားတဲ့ သူမရဲ့ပုံစံလေးက တကယ်ကို စွဲမက်ဖွယ်ကောင်းလွန်းနေပါတယ်။ ဘယ်လိုပုံစံမျိုး အနေအထားမျိုးမှာဖြစ်ဖြစ် လှပလွန်းတဲ့ ချီချီ့ရဲ့ ပွဲတက်ဖက်ရှင်တွေကို ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုုက် ပါတယ်နော်။

Photo - Nay Chi Oo's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။