ဟောလိဝုဒ်ရဲ့ ဒိတ်ဒိတ်ကျဲ ကြယ်ပွင့် ဘီဘာဟာ အပေါင်းသင်းဝင်ဆံ့သူတစ်ယောက်ဖြစ်ပြီး ငယ်ဘဝတုန်းက သရုပ်ဆောင်ဖူးတာမို့ ရုပ်ရှင်လောကသားတွေနဲ့လည်း မစိမ်းသူဖြစ်ပါတယ်။  

နှုတ်ခမ်းနီမလေးတွေရဲ့ အချစ်တော် ဘီဘာတစ်ယောက် ArcLight Hollywood Theater မှာ ပြုလုပ်ကျင်းပတဲ့ Midnight Sun ရုပ်ရှင်ဇာတ်ကားမိတ်ဆက်ပွဲကို မနေ့က တက်ရောက်ဖြစ်ခဲ့တယ်လို့သိရပါတယ်။

အမေရိကန်အချစ်ဒရမ်မာ ရုပ်ရှင်ဇာတ်ကားလေးဖြစ်တဲ့ Midnight Sun ရုပ်ရှင်ဇာတ်ကားမှာ သူ့ရဲ့ သူငယ်ချင်းဖြစ်သူ အမေရိကန်မော်ဒယ်မင်းသားချော Patrick Schwarzenegger အပါအဝင် ဘယ်လာသွန်းတို့ အဓိက ပါဝင်သရုပ်ဆောင်ထားတာပါ။

Patrick ဟာ ပရိသတ်တွေသိကြတဲ့ မင်းသားကြီး အာနိုးရဲ့ သားလေးဖြစ်တာမို့ အနုပညာလမ်းကြောင်းမှာ ဖခင်ခြေရာလိုက်နေတဲ့ လူငယ်တစ်ယောက်ဖြစ်ပါတယ်။

ဘီဘာကတော့ သူငယ်ချင်းဖြစ်သူ ပတ်ထရစ်ရဲ့ ရုပ်ရှင်ဇာတ်ကားမိတ်ဆက်ပွဲကို တက်ရောက်ချီးမြှင့်ခဲ့တဲ့သဘောပါ။

သူတို့နှစ်ဦးဟာ အပြင်မှာ အရမ်းခင်မင်ကြသလို မကြာခဏ အတူတူဆုံလေ့ရှိပြီး အနုပညာလောကမှာ ပရိသတ်ကိုယ်စီရရှိထားတဲ့ ကိုယ်လူချောတွေပါပဲ။

ဘီဘာတို့ သူငယ်ချင်းနှစ်ဦးဟာ ပွဲတက်စဉ် အမှတ်တရဓာတ်ပုံတွေအတူတူတွဲရိုက်ခဲ့ကြပါသေးတယ်။

သူတို့နှစ်ဦးဟာ မိန်းကလေးပရိသတ်တွေရဲ့ သဲသဲလှုပ်အားပေးမှုတွေကိုရရှိထားတဲ့ အောင်မြင်တဲ့ ဆယ်လီတွေလို့လည်း ဆိုနိုင်ပါတယ်။

ဘီဘာကတော သူ့သူငယ်ချင်းကို အားပေးဖို့သပ်သပ် တက်ရောက်ခဲ့ပုံပါပဲ။ 

Source : Justjared

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။