စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဝန်းသိုမြို့နယ်ရှိ မောင်းကော်တံတား ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။ အဆိုပါ မောင်းကော်တံတားကတော့ ပင်လည်ဘူး-ဝန်းသို-ဆင်ကုန်း လမ်းပေါ်ရှိ ဒေါင်းမြူးချောင်းအား ဖြတ်သန်းဆောက်လုပ်ထားတာပဲ ဖြစ်ပါတယ်။၎င်းကမ်းပြို ကာကွယ်ရေး လုပ်ငန်းစဉ်များဖြစ်တဲ့ ကျောက်စီတမံတည်ဆောက်ခြင်းလုပ်ငန်းကိုတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်ကာ ရေအရင်းအမြစ်နှင့် မြစ်ချောင်းမျာ းဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဆောက်ရွက်လျက်ရှိတာပဲ ဖြစ်ပါတယ်။ 

အဆိုပါ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းကိုတော့ နိုင်ငံတော် ခွင့်ပြုငွေကျပ် ၂၂၅.၆၀ သန်းဖြင့် ဆောက်လုပ်နေ တာဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ မြို့နယ်တာဝန်ခံ အင်ဂျင်နီယာ (EE) ဦးသန်းမြင့်နှင့်တွဲဖက် တာ ဝန်ခံဦးအောင်ဆန်းဦးတို့ဦးစီးကာ အလုပ်သမား ၄၀ ဦ:ခန့်နှင့်၊ ဘက်ဟိုးယာဉ် တစ်စီးဖြင့် ဆောင်ရွက်လျက်ရှိ တာပဲ ဖြစ်ပါတယ်။လုပ်ငန်းအမျိုးအစားမှာ Steel Basketအခြေပြုကျောက်စီတမံဖြစ်ပြီး အလျား ၆၅၀ ပေ၊ သံခြင်းအမြင့် ၁၀ ပေ၊ ကျောက်စီတမံ ၁၂ ပေ၊ ကျောက်ရိုးအမြင့် ၄ ပေရှိတယ်လို့ သိရပါတယ်။ 

မောင်းကော်တံတားကတော့ လွန်ခဲ့တဲ့ ၁၉၂၁ ခုနှစ်က တည်ဆောက်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ နှစ်ပေါင်း (၉၇)နှစ် သတ်တမ်းရှိနေပြီပဲ ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ် စက်တင်ဘာလမှာတော့ ပင်လည်ဘူးဘက်ခြမ်း ကမ်း ကပ်ခုံရေတိုက်စားမှုကြောင့် ချဉ်းကပ်တံတား ပြိုကျပျက်စီးခဲ့တာကြောင့် ၂၀၁၁-၂၀၁၂ ခုနှစ်တွင် ပြန်လည် ပြင်ဆင်ခဲ့ရတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ နောက်ထပ် ရေတိုက်စားမှု မှကာကွယ်နိုင်ရန်အတွက် ယခုလို ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ရခြင်းဖြစ်တယ်လို့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ 

သတင်းအရင်းအမြစ် - မြန်မာ့အလင်း 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။